Main menu

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခြင်း

Powered by Drupal

           ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန စစ်တွေခရိုင်ဦးစီးမှူး ဦးမောင်လှဝင်း(ဦးစီးအရာရှိ)သည် (၂၅-၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၂:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show အစီအစဉ်အား ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန စစ်တွေခရိုင်ဦးစီးမှူး(ယာယီ) ဦးမြင့်စိုး(ဦးစီးအရာရှိ) က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့ပြီး စစ်တွေခရိုင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမောင်လှဝင်း မှ စားသုံးသူရေးရာဦးစီးဌာန၏ အသစ်ထပ်မံပြောင်းလဲခဲ့သည့် ဆောင်ပုဒ်၊ ရည်မှန်းချက်၊ မျှော်မှန်းချက်နှင့်လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ဦးစွာရှင်းလင်း ပြောကြားပြီး စားသုံးသူကာကွယ်ရေးဥပဒေပါအကြောင်းအရာများ စားသုံးသူအခွင့်အရေး (၈) ချက်၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက်သတ်မှတ်ချက်များနှင့်အညီ ဖော်ပြရမည့်အချက်များ၊ ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်သည့်အခါ အဓိကထားပြီး စစ်ဆေးသည့် ထုတ်ကုန်များ၊ စီမံခန့်ခွဲမှုအရအရေးယူဆောင်ရွက်သည့်အခြအနေများ၊ ပြစ်မှုနှင့် ပြစ်ဒဏ်များအကြောင်း ရှင်းလင်း ဆွေးနွေးခဲ့ပြီး စားသုံးသူအသိပညာပေးလုပ်ငန်း ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)