စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒု-တိုင်းဒေသကြီးဦးစီးမှူးသော ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ( ၁း၀၀ ) နာရီအချိန်တွင် အစိုးရနည်းပညာအထက်တန်းကျောင်း(မုံရွာ)၌ စားသုံးသူကာကွယ်ရေးအသိ ပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဟောပြောပွဲတွင် အစိုးရနည်းပညာအထက်တန်းကျောင်းအုပ် ဦးဗိုလ်ဗိုလ်က အဖွင့်အမှာ စကားပြောကြားပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးမှူးရုံးမှ ဒုတိုင်းဒေသကြီး ဦးစီးမှူးက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖွဲ့စည်းဆောင်ရွက်သော လုပ်ငန်း တာဝန်များအကြောင်းနှင့် ဝန်ကြီးဌာန၏ဆောင်ပုဒ် “ဖွံ့ဖြိုးကုန်သွယ်နိုင်ငံကြွယ်” မျှော်မှန်းချက် “အကျိုးပေါင်းစုကုန်သွယ်မှုဖြင့်တိုင်းကျိုးပြုအံ့” ဟု မျှော်မှန်းချက်ကို ပြည်တွင်းဒေသထွက်ကုန်များ စတင်စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချ သယ်ယူပို့ဆောင် ဘဏ္ဏာငွေသုံးစွဲခြင်း အားလုံး စားသုံးမှု အသုံးပြုခြင်းများကို စားသုံးသူပြည်သူအားလုံး စတင်သည်မှစ အဆင့်ဆင့်ပူးပေါင်း ပါဝင်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းတာဝန်များအကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းဆွေးနွေးဟောပြောခြင်း၊ တိုင်းဒေသကြီးဦးစီးမှူးရုံး စားသုံးသူဌာနခွဲ တာဝန်ခံကလည်း စားသုံးသူကာကွယ်ရေးဥပဒေပါ အခွင့်အရေးနှင့်တာဝန်၊ ကုန်အညွှန်းအမှတ် အသားများအကြောင်း၊ စားသုံးသူနစ်နာမှုရှိက တိုင်ကြားလို့ရကြောင်းနှင့် ဆက်သွယ်တိုင်ကြားနိုင်သောနည်းလမ်းများနှင့် တိုင်ကြားမှုများကို ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပြီးစီးမှုများအကြောင်း အသေးစိတ် ရှင်းလင်းဆွေးနွေးဟောပြောခြင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးကလည်း လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအကြောင်း ရှင်းလင်းဟောပြော ဆွေးနွေးခြင်းနှင့် တက်ရောက်လာသောဆရာ/မ၊ ဝန်ထမ်းများက သိလိုသည်များမေးမြန်းမှုများအပေါ် ဒုတိုင်းဦးစီးမှူးက ပြန်လည်ဖြေကြားပေးခဲ့ပြီး ဌာန၏ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို အောင်မြင်စွာ ကျင်းပဆောင်ရွက်ခဲ့ကြောင်း၊ အခမ်းအနားသို့ စုစုပေါင်း (၅၀) ဦး တက်ရောက်ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)