စားသုံးသူရေးရာဉီးစီးဌာနမှ ပြည်သူများကို မိမိတို့စားသုံးသူရေးရာအသိပညာ ဗဟုသုတများ သိရှိနားလည် တိုးတက်မှုများရရှိစေရန် ရည်ရွယ်၍ Talk Show အစီအစဉ်များ ကျင်းပပြုလုပ်လျက်ရှိရာ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show ကို ဟုမ္မလင်းမြို့နယ်မှ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်း(လ/ထကြီးကြပ်ရေးမှူး)နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဉီးစီးဌာန မြို့နယ်ဉီးစီးမှူး ဒေါ်မိုးနှောင်းတို့သည် ( ၂၅.၁.၂၀၂၃ ) ရက်နေ့၊ နံနက် ( ၁၁ : ၀၀ ) နာရီ အချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါTalk Show တွင် စားသုံးသူရေးရာဉီးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်းမှ ဈေးကွက်အတွင်း ရောင်းချနေသည့် ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာပါရှိသည့် ပစ္စည်းများကိုသာ ရွေးချယ်ဝယ်ယူ အသုံးပြုကြရန်နှင့် ထိုသို့ပြည်သူများအားလုံးပြည့်စုံစွာပါရှိသော ကုန်ပစ္စည်းများကိုသာ ရွှေးချယ်ဝယ်ယူအသုံးပြုကြခြင်းဖြင့် ဈေးကွက်အတွင်း ကုန်အညွှန်းအမှတ်အသားများ မပြည်စုံသည့်ကုန်ပစ္စည်းများ ဈေးကွက်အတွင်းမှ ပပျောက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)