Main menu

  “ မြရတနာ ” မုန့်လုပ်ငန်းရှင်နှင့် တွေ့ဆုံ

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မုံရွာခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး၊ ဒုခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများ သည် ဇန်နဝါရီလ  ၂၅  ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် မုံရွာမြို့၊ စက်မှုဇုံရပ်ကွက်ရှိ “မြရတနာ” မုန့်လုပ်ငန်းရှင်နှင့်တွေ့ဆုံ၍ စားသုံးသူကာကွယ်ရေး ဥပဒေ(၂၀၁၉)၊ အခန်း(၁၈)အရ ကုန်အညွှန်း အမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့်ပတ်သက်၍ စီးပွားရေးလုပ်ငန်းရှင်များ သိရှိလိုက်နာဆောင် ရွက်နိုင်စေရန်အတွက် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

         ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်း၊ ပြစ်မှု ပြစ်ဒဏ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ ပုဒ်မ ၄၁။ (ခ) နှင့်(ဆ) တို့တွင်ဖော်ပြထားသည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ် အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ကျန်းမာ‌ ရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုး သို့မဟုတ် ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေး ချက်တို့ကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခု ထက်ပို၍ တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရမည်ဖြစ်ကြောင်း အသိပညာပေးဆွေးနွေးခဲ့ပါသည်။

         “မြရတနာ” မုန့်လုပ်ငန်းကို အော်စကာ အမည်ဖြင့် ရှယ်ယာ(၃) ဦးပေါင်းလုပ်ကိုင်ခဲ့ကြောင်း၊ အော်စကာအမည်ဖြင့် အသေးစားတွင်မှတ်ပုံတင်ပြီးကြောင်း၊ ကုန်အညွှန်းအမှတ်သားလဲပြည့်စုံ ကြောင်း၊ ယခုမြရတနာအမည်ဖြင့် ၂၀၁၉ ခုနှစ်မှသာ ခွဲထွက်လုပ်ကိုင်ခဲ့ခြင်းကြောင့် လိုအပ်ချက် များရှိနေပါကြောင်း၊  လက်ရှိအခြေအနေရသွားလာမှုခက်ခဲနေ၍ အရောင်းအဝယ်ပါးနေ ကြောင်း၊ လုပ်ငန်းမပျောက်စေရန်နှင့်လုပ်သားများအလုပ်လက်မဲ့မဖြစ်စေရန် အတွက်သာလည်ပတ် နေရ ကြောင်း၊ရွာတုံမြို့ရှိမုန့်ဇုံတွင် အဆောက်အဦဆောက်လုပ်ထားပြီးထိုအဆောက်အဦ ပြီးစီးပါက ပြောင်းရွှေ့လုပ်ကိုင်မည်ဖြစ်ကြောင်း၊ကုန်ချောများကို မိမိဒေသတွင်း ရေဦး၊တန့်ဆည်၊ အလုံနှင့် မုံရွာမြို့ပေါ်သာရောင်းချနိုင်ကြောင်း   ဆွေးနွေးသိရှိရပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်း အမှတ်အသား လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)