ဟုမ္မလင်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်ခင်စန်းဝင်း (လ/ထကြီးကြပ်ရေးမှူး)သည် (၂၅.၁.၂၀၂၃)ရက်နေ့တွင် နောင်ပကျစ်ရပ်ကွက်ရှိ “သလ္လာဉီး” မုန့်မျိုးစုံပြုလုပ်ရောင်းချသော လုပ်ငန်းရှင် ဉီးညီညီထွေးအား စားသုံးသူ၏ အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ မြန်မာဘာသာဖြင့် ထည့်သွင်းဖော်ပြရမည့်အချက်အလက်များအား သိရှိစေရန်တွေ့ဆုံ ဆွေးနွေးအသိပညာပေးခဲ့ပါသည်။
“ သလ္လာဉီး ” မုန့်မျိုးစုံပြုလုပ်ရောင်းချသော လုပ်ငန်းရှင် ဦးညီညီထွေးနှင့် တွေ့ဆုံဆွေး နွေးရာတွင် ဒေါ်ခင်စန်းဝင်းမှ စားသုံးသူ ကာကွယ်ရေးဥပဒေ ( ၂၀၁၉ ) အခန်း ( ၁၈ ) တွင် ပြဌာန်းထားသည့် ကုန်အညွှန်းအမှတ်အသား တွင်ပါဝင်သော ကုန်စည်၏အမှတ်တံဆိပ်၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ထုတ်လုပ်မှုအမှတ်စဉ်၊ တင်သွင်းသူ၏အမည်နှင့်လိပ်စာ၊ လုပ်ငန်းအမည်နှင့်လိပ်စာ၊ ထုတ်လုပ် သည့်နေရာ၊ ပြန်လည်ထုပ်ပိုးသည့်နေရာ၊ ပါဝင်ပစ္စည်း၊ ဘေးထွက်ဆိုးကျိုး၊ ဓါတ်မတည့်ကြောင်း ဖော်ပြချက်၊ ကြိုတင်သတိပေးချက်၊ အစိုးရဌာနများက သတ်မှတ်ထားသော အချက်အလက်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိရပါသည်။
DOCA(စစ်ကိုင်း)