Main menu

ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ ၁/၂၀၂၃ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

Powered by Drupal

        ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာကော်မတီ ၁/၂၀၂၃ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးအစည်းအဝေးခန်းမတွင် ၂၅.၁.၂၀၂၃ရက်နေ့ နေ့လည်၁၄:၀၀နာရီတွင် ကျင်းပပြုလုပ်ရာ စားသုံးသူရေးရာကော်မတီအဖွဲ့ဝင် ၄ဦး၊ ဖိတ်ကြားထားသူ(၃)ဦးနှင့် စားသုံးသူရေးရာ ဦးစီးဌာနမှ ၇ ဦး စုစုပေါင်း ၁၄ ဦးတက်ရောက်ခဲ့ကြောင်းသိရသည်။

         ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီး ဦးတင်အေးက အဖွင့်အမှာစကားပြောကြား၍ စားသုံးသူရေးရာကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီးဦးစီးမှူး ဦးစိုးအောင်က ၄/၂၀၂၂ ကော်မတီအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု မှတ်တမ်းတင်အတည်ပြုနိုင်ရေးနှင့် လက်ရှိစားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များကို ဖတ်ကြားရှင်းလင်း၍ စားသုံးသူကာကွယ်ရေးဥပဒေအရ ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသော လုပ်ငန်းရှင်များကို စားသုံးသူကာကွယ်ရေးဥပဒေအရကော်မတီအဖွဲ့၏ သဘောတူညီချက်ဖြင့် အရေးယူဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့ပါသည်။

         ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များမှ စားသုံးသူရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ ဝိုင်းဝန်းဆွေးနွေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီးစားသုံးသူရေးရာ ကော်မတီ ဥက္ကဋ္ဌ က နိဂုံးချုပ်အမှာစကားပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

DOCA(ဧရာဝတီ)