စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၅)ရက် နေ့၊ နေ့လယ်(၁:၀၀)နာရီအချိန်တွင် လွိုင်ကော်မြို့၊ ဈေးပိုင်းရပ်ကွက်၊ ရှမ်းပိုင်းရပ်ကွက်ရှိကိတ်မုန့်၊ ပေါင်မုန့်စသည့် မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များသို့ စီးပွားရေးလုပ်ငန်းရှင်များ၏ ဈေးကွက်မတင်မီနှင့်ဈေးကွက်တင်ပြီး ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုန်စည်များ၏ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ပြည်နယ်စားသုံးသူရေးရာကော်မတီအဖွဲ့ဝင်များဖြင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေး ဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် လွိုင်ကော်မြို့ပေါ်ရှိ မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူး ရောင်းချသည့်အရောင်းဆိုင်များတွင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် ကုန်စည်များ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်၏ ညွှန်ကြားချက် အမှတ်(၂/၂၀၁၉)တွင် ဖော်ပြထားသည့်ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များအား ထည့်သွင်းထုတ်လုပ်ဖြန့်ဖြူးရောင်းချကြရန်၊ မိမိတို့ထုတ်လုပ်လိုက်သည့် ကုန်စည်များတွင် ဘေးအန္တရာယ်ရှိကြောင်းကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အခြားနည်းလမ်းတစ်ခုခုအရသော်လည်းကောင်း သိရှိလျှင် အဆိုပါအကြောင်းအရာအား ဦးစီးဌာနနှင့်စားသုံးသူများထံ အချိန်မီသိရှိနိုင်စေရန် လူထု ဆက်သွယ်ရေးနည်းလမ်းများဖြင့်စေ၊ အခြားနည်းလမ်းများဖြင့်ဖြစ်စေ၊ အသိပေးရန်လိုအပ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ရာတွင် စီးပွားရေးကျင့်ဝတ် စည်းကမ်းနှင့်အညီ ဖြောင့်မတ်မှန်ကန် စွာဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ကုန်စည်နှင့် စပ်လျဉ်း၍ စားသုံးသူထံ ရိုးရှင်းမှန်ကန်သော သတင်းအချက်အလက်များပေးရမည်ဖြစ်ကြောင်း၊ သတင်းအချက်အလက်များ ပြည့်စုံမှန်ကန်မှုမရှိ၍ စားသုံးသူနှစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက ထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးဥပဒေနှင့် သက်ဆိုင်ရာဌာနများ၏ဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ကိတ်မုန့်၊ပေါင်မုန့်စသည့် မုန့်မျိုးစုံထုတ်လုပ်ဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်(၃)ဆိုင်အား ဝိုင်းဝန်းအသိပညာပေး စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ကယား)