ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်စစ်ဆေးရေးမှူး ဦးမင်းဇော်ဦးဆောင်သော ဝန်ထမ်းများသည် ဇန်နဝါရီလ ( ၂၂ )ရက်န့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဖျာပုံမြို့ရှိစတိုးဆိုင်များအား COFFEE Shop (very good) တံဆိပ်ပါကော်ဖီမစ်ကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရားမဝင်ရောင်းဝယ်ဖောက်ကားမှုများရှိ/ မရှိဈေးကွက်စောင့်ကြည့်ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။
ယင်းသို့စစ်ဆေးရာတွင်စတိုးဆိုင်များတွင် COFFEE Shop (very good)တံဆိပ်ပါကော်ဖီမစ် ကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရားမဝင်ရောင်းဝယ်ဖောက်ကားမှုမရှိကြောင်း သတင်းရရှိ ပါသည်။
DOCA(ဧရာဝတီ)