ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေး ၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် စားသုံးသူကာကွယ်ရေးအသိပညာပေး ဟောပြောဆွေးနွေးပွဲကျင်းပခြင်းနှင့်စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ (၂၆-၁-၂၀၂၃)ရက်နေ့တွင် ကျောက်ဆည်ခရိုင် ၊ စားသုံးသူရေးရာဦးစီးဌာန ၊ ခရိုင်ဦးစီးမှူးဦးဆောင်သော စစ်ဆေးရေးအရာရှိများသည် ကျောက်ဆည်မြို့နယ် ၊ တံစိုးကျေးရွာ၊ရွာပုလဲကျေးရွာနှင့်မိုးကြိုးကုန်းကျေးရွာများ၌ ကျေးရွာသူ၊ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်သည့်အကြောင်းအရာများဟောပြောဆွေးနွေးခဲ့ပါသည်။ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျင်ဌေးက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးဇော်မင်းလတ်(ဦးစီးမှူး) နှင့် ဦးစိုးမင်းထွန်း(ဒု-ဦးစီးမှူး)တို့က စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များဖြစ်သည့် စားသုံးသူများ၏အခွင့်အရေး ၊ စီးပွားရေးလုပ်ငန်းရှင် များ၏တာဝန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများနှင့်စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်ပါကတိုင်းဒေသကြီး ၊ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC)များ နှင့် Consumer Call Center ဖြစ်သည့် 1535 သို့ ခေါ်ဆို၍ တိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca. gov.mmထဲသို့ဝင်ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးဟောပြောဆွေးနွေးပွဲများသို့ ရွာပုလဲကျေးရွာတွင်(၁၀၀)ဦး ၊ တံစိုးကျေးရွာတွင်(၁၁၀)ဦး၊ မိုးကြိုးကုန်းကျေးရွာတွင်(၉၅)ဦး တက်ရောက်ခဲ့ပြီး တက်ရောက်လာသော ကျေးရွာသူ ၊ ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင် များဖြန့်ဝေခဲ့ပါသည်။ထို့နောက် ခရိုင်ဦးစီးမှူးဦးဆောင်သော စစ်ဆေးရေးအရာရှိများသည် ကျေးရွာအတွင်းရှိ စားသုံးသူပြည်သူများအား ကျောက်ဆည်ခရိုင် ၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှစားအုန်းဆီများအား သက်သာသောစျေးနှုန်းများဖြင့်ရောင်းချနေမှုအား စျေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မန္တလေး)