Main menu

စားသုံးသူရေးရာဦးစီးဌာန(ဘီလင်း)နှင့်ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန(ဘီလင်း)တို့ ပူးပေါင်း၍စားသုံးသူကာကွယ်ရေး(Talk Show)ပြုလုပ်ဟောပြောဆွေးနွေးခြင်း

Powered by Drupal

           မွန်ပြည်နယ် ၊ ဘီလင်းမြို့နယ်   စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံရုံးမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ဘီလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်ပူး ပေါင်း၍ ၂၀၂၃ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့တွင်   ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (ဘီလင်း)ခန်းမတွင်စားသုံးသူအကာကွယ်ပေးရေးအသိပညာပေး ( Talk Show ) ပြုလုပ်၍ ဟောပြောဆွေးနွေးခဲ့ ကြောင်းသိရပါသည်။

          ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ ဘီးလင်းမြို့နယ်ရုံးမှ ဦးစီးအရာရှိက အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြိုနယ်တာဝန်ခံရုံး(ဘီလင်း)မှ မြို့နယ်တာဝန်ခံ ဒေါ်ဇင်ဖြူဝင်း(ဦးစီးမှူး)မှ ဌာန၏သမိုင်းကြောင်း၊ မျှော်မှန်းချက်၊ ရည်မှန်းချက် လုပ်ငန်းတာဝန်များကိုရှေးဦးစွာရှင်းလင်း၍ စားသုံးသူတိုင်းအခွင့်အရေးရရှိပြီး ထိုအခွင့်အရေးများ ဆုံးရှုံးနစ်နာမှုဖြစ်ပေါ်လာပါက မိမိတို့ဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်း၊ ဆက်သွယ်ရမည့်လိပ်စာနှင့်ဌာနမှလက်ခံ ဆောင်ရွက်ပုံအဆင့်ဆင့်တို့ကို ဆွေးနွေးပြီး စားသုံးသူ အကာကွယ်ပေးရေးဥပဒေအရ တားမြစ်ချက်များကိုဖောက်ဖျက်ကျုးလွန်ပါက အရေးယူနိုင်သည့် ပြစ်မှု၊ ပြစ်ဒဏ်များကို ဆွေးနွေးပြီးနောက် ဒေါ်နော်အေးမို့မို့ (အကြီးတန်းစာရေး)မှ စီးပွားရေး လုပ်ငန်းရှင်များလိုက်နာရမည့်တာဝန်နှင့် စားသုံးသူအကာကွယ်ပေးရေးဥပဒေအခန်း(၁၈)၊ပုဒ်မ(၄၁) ပါကုန်အညွှန်းအမှတ်အသားနှင့်ဆိုင်သောအချက်အလက်များကို ရှင်းလင်းဆွေးနွေးကာ စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်များအကြား မျှတသောအခွင့်အရေးရရှိစေရန် စားသုံးသူရေးရာဦးစီးဌာနမှ လုပ်ငန်းတာဝန်များ ဆောင်ရွက်နေကြောင်း ဟောပြောဆွေးနွေးခဲ့သည်ဟုသတင်းရရှိပါသည်။

DOCA(မွန်)