Main menu

ကျိုက်မရောမြို့နယ်၊အမက(ခြံကုန်း) ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲပြုလုပ်

Powered by Drupal

         စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံနှင့်ပြည်နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများသည်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်ဇန်နဝါရီလ၂၆ရက်နေ့တွင် ကျိုက်မရောမြို့နယ်၊ အမက(ခြံကုန်း)ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးသီဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မွန်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန အကြီးတန်းစာရေး ဒေါ်အိအိစမ်းမှ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်နှင့်စပ်လျဉ်း၍ သိကောင်းစရာများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာသိကောင်းစရာများ၊ စားသုံးသူထိခိုက်နစ်နာမှုနှင့်စပ်လျဉ်း၍ တိုင်ကြားနိုင်သည့်နေရာများ၊ဦးစီးဌာန၏ Website ၊ဖုန်းနံပါတ်များ အကြောင်း ဟောပြောဆွေးနွေးခဲ့ပါသည်။

          ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးမှ လူကုန်ကူးမှုတိုက်ဖျက်ရေးအကြောင်း သိကောင်းစရာများကို ဟောပြောဆွေးနွေးခဲ့ပါသည်။

          အဆိုပါ ဟောပြောဆွေးနွေးပွဲ သို့ ဆရာ၊ဆရာမ ၊ ကျောင်းသားကျောင်းသူ စုစုပေါင်း (၁၂၅)ဦး တက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)