စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်မရောမြို့နယ်တာဝန်ခံနှင့် ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း၍ (၂၀၂၃ခုနှစ် ဇန်နဝါရီ လ ၂၅ ရက်နေ့တွင် )အထက(ခွဲ)မယ်ကရိုကျောင်း၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါ ဟောပြောဆွေးနွေးပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဂျုလိုင်ဇော်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ချိုမြတ်မြတ်ထွေးက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိကောင်း စရာများ အား ဟောပြောဆွေးနွေး ခဲ့ပါသည်။
ထို့နောက် စားသုံးသူရေးရာဦးစီးဌာန အကြီးတန်းစာရေး ဦးနိုင်လင်းထက်က စားသုံးသူအခွင့်အရေးနှင့်တာဝန်များ ၊ စားသောက်ကုန် လူသုံးကုန်များ ဝယ်ယူရာတွင် ကုန်အညွှန်းအမှတ်အသားကို အဓိကထားဖတ်ရှုပြီးမှ ဝယ်ယူသင့်ကြောင်း၊ ကုန်အညွှန်း အမှတ်အသား ဖော်ပြချက်နှင့်စပ်လျဉ်း၍ သိကောင်းစရာများ၊ Call Center အကြောင်းသိကောင်းစရာများ အကြောင်းကိုဖော်ပြဆွေးနွေးခဲ့ပါသည်။
အဆိုပါဟောပြောဆွေးနွေးပွဲ သို့ ဆရာ ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅၉)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများ ဆိုင်ရာလက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(မွန်)