Main menu

မုဒုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ဟောပြောဆွေးနွေးခြင်း

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံသည်  မုဒုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့်ပူးပေါင်း၍၂၀၂၃ခုနှစ်   ဇန်နဝါရီလ   ၂၇ ရက်နေ့တွင်   မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်ခဲ့ပါသည်။

       ရှေးဦးစွာပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မုဒုံမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာက အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာန၊ မုဒုံမြို့နယ်တာဝန်ခံ ဦးစည်သူက စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း၊ ရည်ရွယ်ချက်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူအခွင့်အရေးများ ဆုံးရှုံးနစ်နာမှုဖြစ်ပေါ်လာပါက မိမိတို့ဌာနသို့ တိုင်ကြားနိုင်ကြောင်း၊ တိုင်ကြားနိုင်သည့်နည်းလမ်း၊ ဆက်သွယ်ရမည့်လိပ်စာ၊ Website၊ Call Center အကြောင်းများကို ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)