ချင်းပြည်နယ်အတွင်းရှိ စာသုံးသူပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို အကာကွယ်ပေးနိုင်ရန်အတွက် စားသုံးသူကော်မတီအစည်းအဝေး(၁/၂၀၂၃)ကို ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက် (သောကြာနေ့) ညနေ (၀၃:၀၀) နာရီအချိန်တွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ စီးပွားရေးရာဝန်ကြီးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်းက အဖွင့်အမှာစကားပြောကြားရာတွင် ယခင်၂၀၂၂ခုနှစ်အတွင်း စားသုံးသူရေးရာကော်မတီ၏ လုပ်ငန်းများ အကောင်ထည်ဖော် ဆောင်ရွက်နေမှုများသည် ပြည်သူများအတွက် အမှန်တကယ်အကျိုး ရှိသည်ကိုတွေ့ရပါကြောင်း၊ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်နိုင်ငံဖြစ်သည့်အလျောက် စားသုံးသူအခွင့်အရေးနှင့်ပတ်သက်သည့် အသိပညာကဏ္ဍတွင် အားနည်းချက်များစွာရှိသည်ကို တွေ့ရပါသဖြင့် စားသုံးသူရေးရာကော်မတီအနေဖြင့် ပြည်သူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို ရှေးရှုကာ စိတ်ရင်းစေတနာဖြင့် အသိပညာပေးခြင်း၊ ကြိုတင်အသိပေးခြင်း၊ ကြိုတင်တားဆီးကာကွယ် ပေးခြင်း နှင့် ဈေးကွက်အတွင်း စောင့်ကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို လစဉ် ကွင်းဆင်း ဆောင်ရွက်သွားကြရန် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ ထို့နောက် ကော်မတီအဖွဲ့ဝင်များမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ရာ စားသုံးသူရေးရာ ကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
DOCA(Chin)