Main menu

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇေယျာသီရိမြို့နယ်ရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကျင်းပပြုလုပ်ခြင်း

Powered by Drupal

         ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့၊ နေ့လည် (၁၃း၀၀)နာရီအချိန်တွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးခန်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကို စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဒုတိယတိုင်းဦးစီးမှူး၊ ဦးခင်မောင်ဆွေ ဦးဆောင်၍ ဝန်ထမ်းများနှင့် သွားရောက် ပြုလုပ်ခဲ့ပါသည်။

          အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ ဒေါ်သင်းမြတ်မွန်က “စားသုံးသူကာကွယ်ရေး၏ အဓိပ္ပာယ်နှင့် စားသုံးသူအခွင့်အရေးများအကြောင်း သိကောင်းစရာများ” ကို ရှင်းလင်းပြောကြားပေးစေလိုကြောင်း မေးမြန်းခဲ့ရာ ဒုတိယတိုင်းဦးစီးမှူး၊ ဦးခင်မောင်ဆွေမှ “ စားသုံးသူကာကွယ်ရေးဆိုသည်မှာကုန်စည်(သို့မဟုတ်) ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကို ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့်စီးပွားရေး၏လုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီ အဆင့်ဆင့်တို့မှသတ်မှတ် ဆောင်ရွက်ပေးသည့် မျှတမှုရှိသောလုပ်ငန်းစဉ် ဖြစ်ကြောင်းနှင့်စားသုံးသူအခွင့်အရေး (၈)ချက်ကိုလည်း အကျဉ်းချုံး၍ ရှင်းလင်းပြောကြားခဲ့ပြီး Talk Show ကို နေ့လည် (၁၃း၁၅)တွင် ပြီးမြောက်ကြောင်း သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)