Main menu

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တပ်ကုန်းမြို့နယ်ရုံးတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်ခြင်း

Powered by Drupal

          ၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့၊ နေ့လည် (၁၄း၀၀)နာရီအချိန်တွင် တပ်ကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးခန်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကို စားသုံးသူရေးရာဦးစီးဌာန၊ နေပြည်တော်ဦးစီးမှူးရုံးမှ ဒုတိယတိုင်းဦးစီးမှူး၊ ဦးခင်မောင်ဆွေ ဦးဆောင်၍ ဝန်ထမ်းများနှင့်သွားရောက် ပြုလုပ်ခဲ့ပါသည်။

        အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ၊ဒေါ်တင့်တင့်ခိုင်က “စားသုံးသူကာကွယ်ရေးဥပဒေအကြောင်းနှင့် ကုန်အညွှန်းအမှတ်အသားများအကြောင်း သိကောင်းစရာများ” ကို ရှင်းလင်းပြောကြားပေးစေလိုကြောင်း မေးမြန်းခဲ့ရာ ဒုတိယတိုင်းဦးစီးမှူး၊ ဦးခင်မောင်ဆွေမှ “ စားသုံးသူကာကွယ်ရေးဥပဒေပါ အကြောင်းအရာများနှင့်ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု (သို့မဟုတ်) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရာ၌ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်အမှတ်(၁/၂၀၁၉)နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး Talk Show ပြုလုပ်ခြင်းကို နေ့လည် (၁၄း၁၅)နာရီ အချိန်တွင် ပြီးမြောက်ကြောင်း  သတင်းရရှိပါသည်။

DOCA(ပြည်ထောင်စုနယ်မြေ)