Main menu

မုဒုံမြို့နယ်တွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဆွေးနွေးပွဲ Talk Show ဆောင်ရွက်

Powered by Drupal

        မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းရေး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများလုံခြုံစိတ်ချရမှုရှိစေရေး၊ စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွား ကာကွယ်ရေးတို့အတွက် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောဆွေးနွေးပွဲများကို ပြည်နယ်အတွင်းရှိ ခရိုင်များ နှင့် မြို့နယ်များတွင် နည်းလမ်းမျိုးစုံဖြင့် နေရာအနှံ့ဆောင်ရွက်လျက် ရှိပါသည်။

          ၂၇.၁.၂၀၂၃ ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မုဒုံမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးပွဲ Talk Show ပြုလုပ်ခဲ့ပါသည်။

         အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည့်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မိုးမိုးစန္ဒာထွန်းက Talk Show ပြုလုပ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခြင်း၊  စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးစည်သူက စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဌာန်းချက်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှု များဖြစ်ပေါ်လျှင် တိုင်ကြားနိုင် သည့်နေရာနှင့် တိုင်ကြားနိုင်သည့်နည်းလမ်းများအား ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်းသိရှိရပါ သည်။

DOCA(မွန်)