Main menu

အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြော

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည်  ၂.၂.၂၀၂၃ ရက်နေ့ နံနက် ၁၀:၃၀ နာရီအချိန်၌ မြစ်ကြီးနားမြို့၊ လယ်ကုန်းရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာ အလယ်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ပါသည်။

       အဆိုပါဟောပြောပွဲတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)မှ စားသုံးသူကာကွယ်ရေးဥပဒေ၏ အဓိပ္ပာယ် ဖော်ပြချက်များမှ စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ စားသုံးသူ၏အခွင့်အရေးနှင့် အကျိုးစီးပွားကိုကာကွယ်ပေးခြင်း၊ စားသုံးသူနှင့် စီးပွား‌ရေး လုပ်ငန်းရှင်တို့အကြား ကော်မရှင်နှင့်ကော်မတီအဆင့်ဆင့်တို့မှ သတ်မှတ်ဆောင်ရွက်ပေးသည့် မျှတမှုရှိသော လုပ်ငန်းစဉ်ကို ဆိုလိုကြောင်း၊ စားသုံးသူဆိုသည်မှာ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုကို ကုန်သွယ်ရောင်းဝယ်မှုပြုရန် သို့မဟုတ် အသက်မွေးဝမ်းကျောင်းပြုရန်မဟုတ်ဘဲ ကိုယ်တိုင် သုံးစွဲမှုအတွက်သော်လည်းကောင်း၊ အခြားသူများအတွက်သော်လည်းကောင်းရည်ရွယ်၍ ဝယ်ယူခြင်း၊ အသုံးပြုခြင်း၊ ရယူခြင်း၊ ကုန်စည် ချေးငှားခြင်းပြုလုပ်သူများ သို့မဟုတ် ပေးကမ်းထောက်ပံ့ခြင်းခံရသူများကို ဆိုလိုကြောင်း၊ ကျောင်းသူ/ ကျောင်းသားများအား အသင့်စားမုန့်အမျိုးမျိုးတို့ကို ဝယ်ယူသုံးစွဲရာတွင် အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်၊ ထုတ်လုပ်သည့် ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့်ရက်စွဲများကို အဓိကဖတ်ရှုရမည်ဖြစ်ကြောင်း နမူနာပစ္စည်းများဖြင့်ပြသကာ ရှင်းလင်း‌‌ ဟောပြောခဲ့ပါသည်။ ထို့နောက် စာသင်ကျောင်းမုန့်ဆိုင်များအား ဘေးအန္တရာယ်ရှိသော အစားအစာများ‌ရောင်းချခြင်း ရှိ မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။ ဟောပြောပွဲသို့ ဆရာ/ဆရာမ(၁၄)ဦး၊ ကျောင်းသူ/ ကျောင်းသား(၆၀၃)ဦး၊ စုစုပေါင်း(၆၁၇)ဦး တက်ရောက်ခဲ့ပါသည်။

DOCA(ကချင်)