Main menu

ထားဝယ်တက္ကသိုလ်၌ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများ ‌ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

Powered by Drupal

          တနင်္သာရီတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာနနှင့် အစားသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနတို့ ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ နံနက်(၁၀း၀၀)နာရီတွင် ထားဝယ်တက္ကသိုလ်၌ စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို ဟောပြော ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ထိုသို့ကျင်းပပြုလုပ်ရာ၌  ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသန်းသန်းဦးမှ အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီး ဦးတင်အောင်ကျော်က စားသုံးသူပြည်သူများ၊ စီးပွားရေးလုပ်ငန်းရှင်များ စားသုံးသူကာကွယ်‌ရေးဥပဒေကို ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်စေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူ၏တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင်၏ တာဝန်များ၊ စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးဆောင် ရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ စားသုံးသူ၏ နစ်နာဆုံးရှုံးမှုများအတွက် တိုင်ကြားနိုင်သည့် နည်းလမ်းများ စသည့် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း သိကောင်းစရာများကို လည်းကောင်း၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ တိုင်းဒေသကြီးတာဝန်ခံ ဦးဇော်ဝင်းမောင်က အစားသောက်ဘေးကင်းရေးနှင့် ဆီစားသုံးမှုလျှော့ချရေးအကြောင်းကို လည်းကောင်း ဆွေးနွေးဟောပြောခဲ့ကြပြီး လက်ကမ်းစာစောင်များကိုလည်းဖြန့်ဝေပေးခဲ့ပါသည်။

          ဆက်လက်၍ ကျောင်းသား/ကျောင်းသူများ၊ ဆရာ/ဆရာမများမှ သိရှိလိုသည်များကို မေးမြန်းကြကာ အပြန်အလှန်ဆွေးနွေးဖြေကြားခဲ့ပြီး  ထားဝယ်တက္ကသိုလ် ဒုတိယပါမောက္ခချုပ် ‌ဒေါက်တာမိမိကြီးမှ  ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။

          အခမ်းအနားသို့ ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အင်အား (  ၁၇၀  )ဦးခန့်တက်ရောက်ခဲ့ပြီး အခမ်းအနားကို  နေ့လယ် (၁၂း၀၀)နာရီတွင် ရုတ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။

DOCA(တနင်္သာရီ)