Main menu

ကချင်ပြည်နယ်၊ စီးပွားရေးရာဝန်ကြီးနှင့် ဝန်ကြီးဌာနလက်အောက်ရှိ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့်တွေ့ဆုံပွဲ

Powered by Drupal

     ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့အစည်းအဝးခန်းမ၌ ၅.၂.၂၀၂၃ ရက်နေ့ ( ၀၉း၀၀ )နာရီအချိန်တွင် ကချင်ပြည်နယ်၊ စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေနှင့် တွေ့ဆုံပွဲကို စီးပွားရေးရာဝန်ကြီးဌာနလက်အောက်ရှိ ခရိုင်ဆင့်ဌာနဆိုင်ရာ(၈)ခုမှ အကြီးအကဲများနှင့် ဝန်ထမ်း များ တက်ရောက်ခဲ့ပါသည်။

          အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေမှ အဖွင့်အမှာစကားပြောကြားပြီး သက်ဆိုင်ရာဌာနအလိုက် ဌာနအကြီးအကဲများက မိမိတို့ကဏ္ဍအလိုက်ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက တင်ပြမှုအပေါ် ပြန်လည်ဆွေးနွေးခြင်း၊ ဝန်ထမ်းများအား ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများ သိရှိလိုက်နာ၍ လုပ်ငန်းတာဝန်များကို အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး အစည်းအဝေးကို ၁၀း၀၀ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကချင်)