Main menu

ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး နှင့်စပ်လျဉ်း၍ Thursday Talk (၁/၂၀၂၃) အသိပညာပေးဆွေးနွေး

Powered by Drupal

        မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံး (CICC)ခန်းမ၌ (၃၁.၁.၂၀၂၃) ရက်နေ့၊နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး Thursday Talk အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဝန်ထမ်း(၂၂)ဦး တက်ရောက်ခဲ့ပါသည်။

      အဆိုပါ Thursday Talk အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပခုက္ကူ ခရိုင်ဦးစီးမှူးဦးဝေဠုအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဒု-ဦးစီးမှူးဒေါ်တင်တင်မော်က စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉) ပြဌာန်းချက်ပါ အခန်း(၁၈)တွင် ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် ပတ်သက်၍  စီးပွားရေးလုပ်ငန်းရှင်များမှ ထည့်သွင်းဖော်ပြရန်နှင့် ဖော်ပြချက် များအား မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့) တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြရန် အသေးစိတ်ရှင်းလင်းခဲ့ပါသည်။ အခန်း(၁၉)တွင် တိုင်ကြားမှုနှင့်ပတ်သက်၍ နစ်နာသည့်စားသုံးသူ ပုဂ္ဂိုလ်တစ်ဦးဦး(သို့)အဖွဲ့အစည်းတခုခုသည် လူကိုယ်တိုင် (သို့) လူထုဆက်သွယ်ရေးနည်းလမ်းဖြင့် တိုင်ကြားနိုင်ကြောင်း၊ စိစစ်ဆောင်ရွက် ခြင်းနှင့် ပတ်သက်၍ တိုင်ကြားမှုများတွင် မှန်ကန်မှုရှိ/မရှိ စိစစ်ဆောင်ရွက်ရပြီး ညှိနှိုင်းဖြေရှင်း ပေးခြင်းနှင့်ပတ်သက်၍ နစ်နာသည့်စားသုံးသူနှင့်စီးပွားရေး လုပ်ငန်းရှင်တို့အကြား ညှိနှိုင်းဖြေရှင်းမှုများအား အကျယ်တဝင့်ရှင်းလင်းခဲ့ပြီး၊အခန်း(၂၀)ပါ စီမံ ခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းနှင့် ပတ်သက်၍ ဥပဒေပါပြဌာန်းချက်များကို ကျူးလွန်သည့် စီးပွားရေးလုပ်ငန်းရှင်အား သက်ဆိုင်ရာ ဦးစီးမှူးရုံးနှင့် ကော်မတီတို့မှ အခန်း(၂၀)ပါစီမံခန့်ခွဲရေး နည်းလမ်းအရအရေးယူနိုင်သည့် နည်းလမ်းများအား ရှင်းလင်းခဲ့ပါသည်။ ဆက်လက်၍ အခန်း(၂၁)ပါအယူခံဝင် ခြင်း နှင့် ပတ်သက် ၍ အခန်း(၂၀)ပါ အမိန့်များအား ချမှတ်သည့်နေ့ရက်မှစ၍ ရက်ပေါင်း(၃၀) အတွင်း အယူခံဝင်နိုင်ကြောင်းကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

     ဆက်လက်၍ ဒု-ဦးစီးမှူးဒေါ်လှိုင်ဥမ္မာဦးက စားသုံးသူကာကွယ်ရေးဥပဒေ(၂၀၁၉)ပြဌာန်းထားသည့် အခန်း(၂၂)မှ အခန်း(၂၅)ထိ ရှင်းလင်းဆွေးနွေးခဲ့ရာ အခန်း(၂၂)ပါ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များနှင့် ဆောင်ရွက်မည့်အချက်များအား ဆွေးနွေးခဲ့ပြီး၊အခန်း(၂၃)ပါတားမြစ် ချက်များကို စီးပွားရေးလုပ်ငန်းရှင်များအား လိုက်နာရန်နှင့် အခန်း(၂၄)ပါ ပြစ်မှုပြစ်ဒဏ်များအား စီးပွားရေးလုပ်ငန်းရှင်များသိရှိရန်အတွက် တားမြစ်ထားသည့်ပုဒ်မများနှင့် ပြစ်မှုပြစ်ဒဏ်ပုဒ်မများအား အသေးစိတ်ဆွေးနွေးခဲ့ပြီး အခန်း(၂၅)ပါပုဒ်မများကိုလည်း အသေးစိတ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။  

DOCA(မကွေး)