Main menu

လက်လီ/လက်ကား ကုန်စုံဆိုင်များအား ‌ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

            စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး၊ ဘေးအန္တရာယ် ရှိသော ကုန်စည်များ ဈေးကွက်အတွင်းမှ ပပျောက်စေရေးအတွက် စားသုံးသူရေးရာဦးစီးဌာန၊ မိုးညှင်း ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကျော်မိုးလွင် သည် ၁၀.၂.၂၀၂၃ရက်နေ့ ၁၀း၀၀ နာရီအချိန်တွင် မိုးညှင်းမြို့၊နောင်စွန်းရပ်ကွက်ရှိ လက်လီ/လက်ကားဖြန့်ဖြူးရောင်းချသောကုန်စုံဆိုင်များသို့သွားရောက် ၍ FIRE DRAGONအမှတ်တံဆိပ်(အားဖြည့်အချိုရည်)တွင်  စားသုံးသူကာကွယ်ရေးဥပဒေပါကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းကိုက်ညီမှု ရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် အစားအသောက်များကုန်စည်အုပ်စု၊အသင့်သောက် အချိုရည်တွင်ပါဝင်သည့် FIRE DRAGONအမှတ်တံဆိပ်(အားဖြည့်အချိုရည်)၌ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ မြန်မာဘာသာဖြင့် သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ ဓါတ်မတည့်ကြောင်းဖော်ပြချက်များ ပြည့်စုံစွာဖော်ပြပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်အား ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များဈေးကွက်အတွင်း ရောင်းချမှုမပြုရန် ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)