Main menu

“ကန့်ဘလူမြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ညောင်အိုင်ကျောင်း”တွင် စားသုံးသူအသိပညာပေးဟောပြောပွဲကျင်းပ

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ဖေဖော်ဝါရီ ၇ ရက်နံနက် (၁၀:၀၀)နာရီက အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ညောင်အိုင်ကျောင်း၌  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန တို့နှင့်ပူးပေါင်း၍ စားသုံးသူအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

   အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး မိတ်ဖက်ဌာနများမှ မိမိတို့နှင့်သက်ဆိုင်သည့် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ဦးမျိုးဝင်းသန်းက စားသုံးသူကာကွယ်ရေးဥပဒေပါ စားသုံးသူအခွင့် အရေးနှင့်တာဝန်များ၊ စားသုံးသူနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များကို စနစ်တကျရွေးချယ်ဝယ်ယူ သုံးစွဲတတ်စေရန်အတွက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေးဟောပြောခဲ့ပါသည်။ ဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ဆရာမ (၁၂)ဦးနှင့် ကျောင်းသား ကျောင်းသူ (၅၅၀)ဦး ၊ စုစုပေါင်း (၅၆၂) ဦးတက်ရောက်ခဲ့ကြပြီး စားသုံးသူအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

DOCA(စစ်ကိုင်း)