ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် မြို့မဈေးအတွင်း ကုန်မျိုးစုံ ရောင်းချနေသောဆိုင်များမှ ကုန်မျိုးစုံအား မိတ်ဖက်ဌာနများဖြစ်သော စည်ပင်သာယာရေးအဖွဲ့နှင့်အတူ (၇.၂.၂၀၂၃) ရက်နေ့ နံနက် (၀၉:၄၅)နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝင်းမင်းစိုးနှင့် ဝန်ထမ်းများသည် ဓနုဖြူမြို့မဈေးအတွင်း ကုန်မျိုးစုံရောင်းချနေသော ဈေးဆိုင်(၈)ဆိုင်မှ ရောင်းချနေသော ကုန်မျိုးစုံတွင် ကုန်အညွှန်းအမှတ်အသား ပြည်စုံစွာ ပါဝင်ခြင်း ရှိ/မရှိနှင့် ဈေးကွက်ရောက်ပြီး ကုန်စည်များအား ဘေးအန္တရာယ်ရှိ/မရှိ ကွင်းဆင်းစောင့် ကြည့်စစ်ဆေးခဲ့ရာ ဓနုဖြူမြို့မဈေးအတွင်း ကုန်စုံဆိုင်များမှ ရောင်းချနေသော ကုန်စည်များတွင် ကုန်အညွှန်း အမှတ်အသားများပြည်စုံစွာ ပါဝင်ကြောင်းစစ်ဆေးတွေ့ရှိရပါသည်။ ဈေးကွက်အတွင်းရောင်းချနေသော ဆိုင်ရှင်များအား စားသုံးသူ ကာကွယ်ရေးဥပဒေ(၂၀၁၉)အရ စီးပွားရေးလုပ်ငန်းရှင်တာဝန်များအကြောင်း၊ စစ်ဆေးရေးအရာရှိ၏ လုပ်ငန်းတာဝန်(၁၁)ချက်ကိုလည်းကောင်း ရှင်းလင်းပြီး ဦးစီးဌာနအနေဖြင့်လည်း ဘေးအန္တရာယ်ရှိသော ကုန်စည်ကို ဈေးကွက်အတွင်းမှ တွေ့ရှိပါက ပြန်လည်သိမ်းဆည်းနိုင်ခြင်း သို့မဟုတ် ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်နိုင်ကြောင်း၊ လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အရေးယူဆောင်ရွက်မှုများကို စားသုံးသူထံ မှန်ကန်သော သတင်းအချက်အလက်များကို သတ်မှတ်ထုတ်ပြန်ရမည်ဖြစ်ကြောင်း ရှင်းလင်းပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)