Main menu

ကလေးဝမြို့နယ် (အ.လ.က-၃)ကျောင်းတွင် စားသုံးသူအသိပညာပေး ဆွေးနွေးဟောပြော

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးခရိုင်၊ ကလေးဝမြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုးကဦးဆောင်၍ ဖေဖော်ဝါရီလ (၇) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်၌  (အ.လ.က-၃) အလယ်တန်း ကျောင်းသို့ သွားရောက်၍ ဆရာ/ဆရာမ (၁၅ ) ဦးနှင့် ကျောင်းသား/ ကျောင်းသူ ( ၂၁၅ ) ဦး၊ စုစုပေါင်း ( ၂၃၀ ) ဦးအား အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

          အဆိုပါဟောပြောပွဲ၌ အခြေခံပညာအလယ်တန်းကျောင်း(အ.လ.က-၃)မှ ကျောင်းအုပ် ဆရာမကြီး ဒေါ်မာမာအေးက အဖွင့်အမှာစကားပြောကြားပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ ကလေးဝ မြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုးက  စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေး လုပ်ငန်းရှင် များလိုက်နာရမည့်အချက်များ၊  စားသောက်ကုန်များတွင်ဖော်ပြရမည့် ကုန်အညွှန်း အမှတ်အသားများကိုလည်းကောင်း၊ ကလေးဝမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးဇော်ဝင်းထွန်းကလူငယ်များစာဖတ်ခြင်း၏အကျိုး ကျေးဇူးခေါင်းစဉ်ဖြင့် လည်းကောင်း ဟောပြောဆွေးနွေးခဲ့ ကြောင်း သတင်းရရှိရပါသည်။

DOCA(စစ်ကိုင်း)