Main menu

ညောင်တုန်းမြို့နယ် မြို့မဈေးတွင် ကုန်မျိုးစုံဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

     ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မြို့မဈေးအတွင်း ကုန်မျိုးစုံ ရောင်းချနေသောဆိုင်များမှ ကုန်မျိုးစုံအား မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများ  စည်ပင်သာယာရေးအဖွဲ့နှင့်အတူ (၁၀.၂.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြပါသည်။

       ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆိုင်ရှင်များအား မြို့နယ်ဦးစီးမှူး ဦးအောင်လွင်က ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေး ကော်မရှင်၏ (၂/၂၀၁၉)နှင့် အညီ ကုန်စည်အမျိုးအစားအလိုက် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အချက်များ ရှင်းလင်းဆွေးနွေးပြီး မိမိတို့ရောင်းချနေသော ကုန်စည်များနှင့်ပတ်သက်၍ ဘေးအန္တရာယ်ကင်းရှင်းစေမှုကို အာမခံရမည်ဖြစ်ကြောင်း၊ စားသုံးသူတို့ ဝယ်ယူသုံးစွဲမှုကြောင့် အမှန်တကယ်ထိခိုက်နစ်နာမှုရှိပါက တာဝန်ယူဖြေရှင်း ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အာမခံချက်နှင့်အညီ ဆောင်ရွက်ပေးခြင်းမရှိပါက စားသုံးသူသည် အမှန်တကယ်နစ်နာဆုံးရှုံးမှုအတွက် စားသုံးသူရေးရာဦးစီးဌာနသို့ အရေးဆိုတိုင်ကြား နိုင်သည့် အခွင့်အရေးရှိ၍ စားသုံးသူကာကွယ်ရေးကော်မတီတို့၏ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူနိုင်ကြောင်း၊ ဦးစီးဌာနအနေဖြင့်လည်း ဘေးအန္တရာယ်ရှိသော ကုန်စည်ကို ဈေးကွက်အတွင်း၌တွေ့ရှိပါက ပြန်လည်သိမ်းဆည်းနိုင်ကြောင်း သို့မဟုတ် ရောင်းချဖြန့်ဖြူးခြင်းကို တားမြစ်နိုင်ကြောင်း၊ လိုအပ်ပါက သက်ဆိုင်ရာအစိုးရဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အရေးယူဆောင်ရွက်မှုများကို စားသုံးသူထံ မှန်ကန်သော သတင်းအချက်အလက်များကို သတ်မှတ်ထုတ်ပြန်ပေးရမည်ဖြစ်ကြောင်းကို ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ပြီး ဈေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)