Main menu

စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ‌ဆွေးနွေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြစ်ကြီးနားခရိုင်ဦးစီးမှူးရုံးမှ ဦးဘောမ်ဇုန်း(ရုံးအုပ်)သည် ၁၃.၂.၂၀၂၃ ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် ဝိုင်းမော်မြို့၊အောင်မြေ(၁)ကျေးရွာအုပ်စုရှိ ကုန်မျိုးစုံလက်လီ လက်ကား ရောင်းချသူ စီးပွားရေးလုပ်ငန်းရှင်(၄)ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

 ထိုသို့ဆွေးနွေးရာတွင် ဦးဘောမ်ဇုန်း(ရုံးအုပ်)က စားသုံးသူကာကွယ်ရေးဥပဒေရည်ရွယ်ချက်များဖြစ်သည့် စားသုံးသူအခွင့်အရေးများ အပြည့်အဝရရှိစေရန်၊ စားသုံးသူကာကွယ်ရေးနှင်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များဘက်မှလည်း ဥပဒေနှင့်အညီဆောင်ရွက်စေရန်၊ စားသုံးသူတို့ကိုဘေးအန္တရာယ်ကင်းရှင်းမှုမရှိသော ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုများနှင့် ယင်းတို့ကိုသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသော နစ်နာဆုံးရှုံးမှုများကိုကာကွယ်ပေးရန် စသည့်အချက်များ၊ ၂၀၁၉ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံပေးရမည့်အချက်များ၊ အာမခံပေးထားမှုအပေါ် စားသုံးသူက တောင်းဆိုနိုင်သည့်အခွင့်အရေးများ၊ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှုအနေဖြင့် တဆင့်ပြန်လည်‌ရောင်းချ ဖြန့်ဖြူးသူများအပေါ်တွင်လည်း တာဝန်ရှိကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်များနှင့်အညီ သိသာထင်ရှားစွာဖော်ပြထားသည့် ကုန်စည်များကိုသာ ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်‌ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါသည်။

DOCA(ကချင်)