Main menu

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရခိုင်ပြည်နယ် စားသုံးသူရေးရာဦးစီးဌာန သံတွဲခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၁၃-၂-၂၀၂၃) ရက်နေ့ နေ့လည် (၁၀:၃၀) နာရီအချိန်တွင် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) နှင့်ပူးပေါင်း၍ သံတွဲမြို့ ရေဖြူအိုင်ကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ စားသုံးသူကာကွယ်ရေး၊ အစားအသောက်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောကျင်းပခဲ့ပါသည်။

     အဆိုပါ အသိပညာပေးဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန သံတွဲခရိုင်ဦးစီးမှူး ဦးဝင်းနိုင်(ဦးစီးအရာရှိ)က စားသုံးသူရေးရာဦးစီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက် အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူအခွင့်အရေး (၈) ချက်၊ စားသုံးသူ၏တာဝန် (၄) ချက်တို့အား အကျယ်တဝင့် ရှင်းလင်းပြောကြားခြင်း၊ ကျောင်းသား/သူများအနေဖြင့် အစားအစာများဝယ်ယူသုံးစွဲကြရာတွင် ကုန်အညွှန်းအမှတ်အသားများကို မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားသော အစားအစာများကိုသာ ဝယ်ယူကြရန် အသိပညာပေးဟောပြောခြင်းနှင့် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဒေါ်ရတီဦး (ဒု-ကြီးကြပ်ရေးမှူး)က အစားအသောက်၊ ဆေးဝါးနှင့်အလှကုန်ပစ္စည်းများအား စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် ဓါတ်ခွဲစစ်ဆေးဆောင်ရွက်နေမှုများအား စားသုံးသူများ ဘေးအန္တရာယ်ဖြစ်စေနိုင်သော ကြာရှည်အထားခံဆေးဝါးအသုံးပြုမှုအန္တရာယ်၊ ဓါတုဆိုးဆေးအန္တရာယ်၊ ဆေးသကြားအသုံးပြုမှု အန္တရာယ်၊ FDA ဌာနအကြောင်း သိကောင်း စရာများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/သူ၊ ရပ်ရွာနေပြည်သူများ (၅၀) ဦးခန့် တက်ရောက်ခဲ့ပြီး မေးမြန်းချက်များအား ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ရခိုင်)