စားသုံးသူရေးရာဦးစီးဌာန ရခိုင်ပြည်နယ် တောင်ကုတ်ခရိုင်ဦးစီးမှူးနှင့် မာန်အောင်မြို့ နယ်တာဝန်ခံတို့သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ( ၁၀:၀၀ )နာရီအချိန်တွင် မာန်အောင်မြို့နယ်၊ ဘုန်းစိုးကြီးကျေးရွာသို့ သွားရောက်ပြီး “ရွှေတိုး” ဆီစက် မြေပဲဆီထုတ်လုပ် ရောင်းချသည့် လုပ်ငန်းရှင် ဦးညီဝင်းစိန်နှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး ဦးမောင်ကျော်မြင့် (ဦးစီးအရာရှိ)က ထုတ်လုပ်ရောင်းချသည့် မြေပဲဆီများအား သတ်မှတ်အရည်အသွေးပြည့်မီရေး၊ ကျန်းမာရေးနှင့် ညီညွတ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသုံးဆီများကို သုံးစွဲနိုင်ရေး၊ ဈေးကွက်အတွင်း ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများဖြစ်ပေါ်စေရေးတို့အတွက် ဌာနမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည့်အပြင် စီးပွားရေးလုပ်ငန်းရှင်များအား အထက်ဌာနမှ ထုတ်ပြန်ထားရှိသည့် အမိန့်နှင့်ညွှန်ကြားချက်များ သိရှိလိုက်နာဆောင်ရွက်နိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း မိမိဆီစက်မှ ထုတ်လုပ်သည့် မြေပဲဆီများအား ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရာတွင် ကုန်စည်၏ ကုန်အညွှန်းအမှတ်အသားများအား စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းချက်များ၊ အမိန့်ညွှန်ကြားချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ မိမိတို့ ဌာန၏ အတည်ပြုချက်ရယူနိုင်ရေး လာရောက်လျှောက်ထား ရန်လိုအပ်ကြောင်းနှင့် စားသုံးသူကာကွယ် ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များအကြောင်း ဒေသတွင်း စီးပွားရေးလုပ်ငန်းရှင်များအား ထောက်ပံ့အားပေးနေမှု၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် စားသုံးသူ ကာကွယ်ရေးလုပ်ငန်းများဖြင့်လည်း နိုင်ငံစီးပွားရေးတိုးမြှင့်ရေးဖော်ဆောင်အားပေးကူညီ ဆောင်ရွက်နေမှုအခြေအနေတို့အား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ရခိုင်)