Main menu

မင်းဘူးမြို့နယ်၊ ထိန်တောကျေးရွာရှိ နွေစပါးစိုက်တောင်သူများအား သွင်းအားစုများပေးအပ်

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မြို့နယ်အတွင်းရှိ နွေစပါးစိုက်တောင်သူများစိုက်ဧကပြည့်မီစွာ စနစ်တကျစိုက်ပျိုးနိုင်စေရေးနှင့် စိုက်ပျိုးရေး သွင်းအားစုများ ထောက်ပံ့ဆောင်ရွက်ပေးမည့်အစီအစဉ်များကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက (၉.၂.၂၀၂၃)ရက်နေ့ နေ့လယ် (၁၄:၀၀) အချိန်တွင် ထိန်တောကျေးရွာ၊ ရွာလယ်ဓမ္မာရုံ၌ နွေစပါးစိုက်ပျိုးမည့် ဒေသခံတောင်သူ(၆၄)ဦးအား သွားရောက် တွေ့ဆုံ၍ အသိပေးရှင်းလင်းခဲ့ပြီး သွင်းအားစုများအား ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

  နိုင်ငံတော်အစိုးရမှ နိုင်ငံ့စီပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများအတွက် စိုက်ပျိုးရေးသွင်းအားစုများကို ထုတ်ချေးရာတွင် ငွေကျပ်နှစ်သိန်းနှုန်းဖြင့် ညီမျှသော တောင်သူများအဆိုပြုသည့် သွင်းအားစုများကို နွေစပါး(၁)ဧကလျှင် ယူရီးယားဓါတ်မြေဩဇာ(၅၀)ကီလိုဂရမ် (၂)အိတ်၊ ပေါင်းသတ်ဆေး (၃၀)ဂရမ်(၆)ထုတ်၊ ပိုးသတ်ဆေး(၂၅၀)ဂရမ်(၁)ထုတ်နှုန်းဖြင့် ကြိုတင်ထုတ်ပေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နွေစပါးစိုက်တောင်သူများအတွက် မနောသုခ RS မျိုးသန့်စပါးတင်း(၈၀)ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုတင်ဖြန့်ဖြူးရောင်းချပေးထားပြီး ထွက်ရှိ လာမည့် နွေစပါးများကို ဖြန့်ဝေထုတ်ချေးပေးထားသည့် သွင်းအားစုတန်ဖိုးနှင့်ညီမျှသော ကာလပေါက် ဈေးနှုန်းအတိုင်း ဝယ်ယူကြိတ်ခွဲ၊ တင်ပို့ရောင်းချရေး အစုအဖွဲ့က ပြန်လည်ဝယ်ယူ စုဆောင်းပေးသွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းမှ ရှင်းလင်းပြောကြားခဲ့ပါသည်။

  မင်းဘူးမြို့နယ်၌ ယခုနှစ် နွေစပါးစိုက်ပျိုးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါး ဧက(၁၀၀)စိုက်ပျိုးရန်လျာထားပြီး (၉.၂.၂၀၂၃)ရက်နေ့အထိ (၅၅)ဧကကျော်စိုက်ပျိုးပြီးစီးနေပြီဖြစ်ကာ နွေစပါးစိုက်ပျိုးရာတွင် လိုအပ်သောရေ ပြည့်ဝလုံလောက်စွာရရှိရေး မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်းမှ စနစ်တကျဖြန့်ဝေဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)