Main menu

အိမ်တွင်းမှုသင်တန်းကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၆)ရက်နေ့၊ နံနက်( ၁၀:၀၀ )နာရီအချိန်တွင် လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်ရှိ အမျိုးသမီး အိမ်တွင်းမှုအသက် မွေးပညာသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော ဆွေးနွေးဆောင် ရွက်ခဲ့ရာ ဟောပြောဆွေးနွေးပွဲသို့ အိမ်တွင်း မှုသင်တန်းကျောင်းမှ ဆရာ/ ဆရာမများ၊သင်တန်းသား / သင်တန်းသူများ စုစုပေါင်း(၄၀)ဦး တက်ရောက်ခဲ့ပါသည်။

    အဆိုပါ ဟောပြောပွဲတွင် အိမ်တွင်းမှုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသွင်က ယနေ့အချိန်အခါတွင် အရည်အသွေးမမီသည့် စားသောက်ကုန်လူသုံးကုန် ပစ္စည်းအမျိုးမျိုးကြောင့် စားသုံးသူတို့၏ ကျန်းမာရေးထိခိုက်ခြင်းများ ကြုံတွေ့နေရပါကြောင်း၊ ထိခိုက်နစ်နာမှုများကြောင့်မည့်သည်နေရာသို့အရေးဆိုတိုင်တန်းရမည်ကိုသေချာမသိရှိကြောင်း၊ စားသုံးသူကာကွယ်ရေးနှင့် ပတ်သက်၍ အသိပညာများလာရောက် ဟောပြောဆွေးနွေးသည့် ပြည်နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။

       ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမြင့်အောင်က စားသုံးသူ ကာကွယ်ရေးသမိုင်းကြောင်း စတင်ဖြစ်ပေါ်လာပုံနှင့် ဌာနမှစားသုံးသူကာကွယ်ရေးနှင့် စပ်လျဉ်း၍ ဆောင်ရွက်နေသည့် လုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။

     ထို့နောက်ခရိုင်ဦးစီးမှူး၊ ဦးမိုးညွန့်ဦးက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ်(၉)ဖြင့် ပြဌာန်းခဲ့ကြောင်း၊ ဥပဒေတွင်ပါရှိသည့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်းများ၊ စီးပွားရေးလုပ်ငန်းရှင်၏တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များ ၊ ကုန်စည်နှင့်သက်ဆိုင်သည့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်သတ်မှတ်ချက်များအားလည်းကောင်း  ရှင်းလင်းဆွေးနွေးပြီး  စားသုံးသူများအနေဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှုများနှင့် ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်း ပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံဆောင်ရွက်ရေးစင်တာ CICC Page သို့ လူကိုယ်တိုင်ဖြစ်စေ ၊ Website မှ ဖြစ်စေ၊ Doca Myanmar application များမှဖြစ်စေဆက်သွယ် တိုင်ကြားနိုင်ပါကြောင်း ၊ Consumer call center ၁၅၃၅ နံပါတ်များသို့ ခေါ်ဆို၍ စားသုံးသူရေးရာနှင့်စပ်လျဉ်း၍ သိရှိလိုသည်များကို    မေးမြန်းနိုင်ပါကြောင်းရှင်းလင်းပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား / ကျောင်းသူများထံသို့ ဖြန့်ဝေပေးခဲ့ပြီး ၊ ဗွီနိုင်းများကို ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ကယား)