ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၉)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် Kyone Doe G M Co.,Ltd မှ တင်သွင်းလျက်ရှိသော “မေရာ(Mayra)နေကြာဆီ” အမှတ်တံဆိပ်တူ တရားမဝင်ကုန်ပစ္စည်းများ ရောင်းချခြင်းရှိမရှိ ကျိုင်းတုံမြို့မဈေးအတွင်းနှင့် ရပ်ကွက်လက်လီလက်ကား စားသုံးဆီအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ထိုသို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် တရားဝင်တင်သွင်းထားသော FDA ၏ ထောက်ခံချက်များပါရှိပြီး၊ Logo/Brand Register များနှင့် မြန်မာစာကုန်အညွှန်းအမှတ်အသား ကပ်ထားသည့် Kyone Doe G M Co.,Ltd မှ တင်သွင်းဖြန့်ဖြူးရောင်းချသည့် “မေရာ(Mayra) နေကြာဆီ” အမှတ်တံဆိပ်များကိုသာ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း စစ်ဆေး တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသားနှင့်ပြည်စုံသော တရားဝင်ကုန်စည်များကိုသာ ဝယ်ယူရောင်းချရန်နှင့် တရားမဝင်တားမြစ်ထားသော ကုန်စည်များကို ရောင်းဝယ်ဖောက်ကားမှုမပြုလုပ်ကြရန်၊ စစ်ဆေး တွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၀)ပါ “စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ”ကို သိရှိလိုက် နာဆောင်ရွက်နိုင်စေရန် အသိပညာပေးဆွေးနွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရှမ်း)