Main menu

ချောက်မြို့နယ် စာသင်ကျောင်းများ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်းဆောင်ရွက်

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မကွေး/ချောက်ခရိုင်ဦးစီးမှူး၏လမ်းညွှန်မှုဖြင့် ချောက်မြို့နယ် တာဝန်ခံ ဒေါ်မြတ်မြတ်မိုး (ဌာနခွဲစာရေး)နှင့် ဒေါ်ချိုဝေလွင် (ဒု-ဦးစီးမှူး) တို့သည်ချောက်မြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်း(၂)ကျောင်း၊ အခြေခံပညာ မူလတန်းလွန်(၁)နှင့်အခြေခံပညာ အထက်တန်းကျောင်း(၂)ကျောင်း၊ စုစုပေါင်းကျောင်း(၅)ကျောင်းအား (၂.၂.၂၀၂၃)ရက်နေ့မှ (၈.၂.၂၀၂၃) ရက်နေ့ထိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်းပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

          ဟောပြောပွဲဆွေးနွေးရာတွင်ချောက်မြို့နယ်တာဝန်ခံဒေါ်မြတ်မြတ်မိုးကစားသုံးသူကာကွယ်ရေးဥပဒေ-၂၀၁၉ပါ စားသုံးသူ၊ စီးပွားရေးလုပ်ငန်းရှင်၊ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပါယ်များ စားသုံးသူများ ရရှိနိုင်မည့် အခွင့်အရေး (၈)ချက်၊ စားသုံးသူများ လိုက်နာရမည့် တာဝန်(၄)ချက်နှင့် ကုန်စည်များဝယ်ယူသုံးစွဲရာတွင် သတိပြု ရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဒေါ်ချိုဝေလွင် (ဒု-ဦးစီးမှူး)ကစီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်နှင့် တားမြစ်ချက်များ ပြစ်မှု၊ ပြစ်ဒဏ်များ၊ ကုန်စည်နှင့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူများက တောင်းဆိုနိုင်သည့် အခွင့်အရေးများအား အသေးစိတ်ရှင်းလင်းဆွေးနွေးပြီး စားသုံးသူများ၌ နစ်နစ်ဆုံးရှုံးမှုများ ဖြစ်ပေါ် လာပါက မကွေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၌ ဖွင့်လှစ်ထားသော Consumer Information Complaint Center (CICC)သို့လည်းကောင်း၊ Consumer Call Center No. 1535 သို့ ဆက်သွယ်မေးမြန်းခြင်းသို့လည်းကောင်းဌာန၏ Website www.doca.gov.mm သို့မဟုတ်၊ Face-book page များမှလည်းကောင်း Myanmar DOCA သို့ ဝင်ရောက်တိုင်ကြားနိုင်ပုံများအား ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

          အဆိုပါ အသိပညာပေးဟောပြောပွဲများ၌ အခြေခံပညာမူလတန်းကျောင်း(အေးရပ်)တွင် ဆရာ/ဆရာမ(၈)ဦး၊ ကျောင်းသား/ကျောင်းသူ (၄၇)ဦး၊ အခြေခံပညာမူလတန်းကျောင်း(ပုဂံ) ကျောင်း၌ ဆရာ/ဆရာမ (၁၀)ဦး၊ ကျောင်းသား/ကျောင်းသူ (၄၅)ဦး၊ အခြေခံပညာမူလတန်းလွန်ကျောင်း (ကင်ပွန်းခြုံ)တွင် ဆရာ/ဆရာမ (၇)ဦး၊ ကျောင်းသား/ကျောင်းသူ(၅၂)ဦး၊ အခြေခံပညာအထက်တန်းကျောင်း(၃)ကျောင်းတွင် ဆရာ/ဆရာမ (၂၈)ဦး၊ ကျောင်းသား/ကျောင်းသူ (၁၅၂)ဦးနှင့် အခြေခံပညာ အထက်တန်းကျောင်း(၄)ကျောင်းတွင် ဆရာ/ဆရာမ (၄၁)ဦး၊ ကျောင်းသား/ကျောင်းသူ (၁၄၅)ဦး စုစုပေါင်း ဆရာ/ဆရာမ(၉၄)ဦး၊ ကျောင်းသား/ကျောင်းသူ (၄၄၁)ဦး တို့တက်ရောက်ခဲ့ပြီး ဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)