Main menu

စက်မှုမှတ်ပုံတင်သက်တမ်းတိုးမြှင့်ရန်အတွက် ကရင်ပြည်နယ်အတွင်းရှိ ရွှေသံလွင်ဟိုင်းဝေးကုမ္မဏီ  လီမီတက်၏ စားသောက်ကုန်ထုတ်လုပ်ငန်းအား အဖွဲ့စုံဖြင့်ကွင်း ဆင်းစစ်ဆေး

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူး ဦးသန်းဦးနှင့် ကရင်ပြည်နယ်ပုဂ္ဂလိကစက်မှု လုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဝင်များသည် ၁၅-၂-၂၀၂၃ ရက်နေ့ ၀၉ ၀၀ နာရီအချိန်တွင် စက်မှုမှတ်ပုံတင် သက်တမ်းတိုးမြှင့်ရန်အတွက် လျှောက်ထားလာသော ကရင်ပြည်နယ် ဘားအံစက်မှုဇုံ(၂) ရှိ ရွှေသံလွင် ဟိုင်းဝေးကုမ္မဏီလီမိတက်၏ ဘီယာ၊ အချိုရည်၊ အချိုမှုန့် ထုတ်လုပ်ခြင်းလုပ်ငန်းသို့ မြေပြင်လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

          ထိုသို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် ပြည်နယ်အဆင့်ဌာနဆိုင်ရာများဖြစ်သော စက်မှုကြီး ကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်ကျန်းမားရေးဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူ ရေးရာဦးစီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနတို့ မှ သက်ဆိုင်ရာဌာနများ၏ လုပ်ထုံးလုပ်နည်းများနှင့် အညီဆောင်ရွက်နေမှု ရှိ/မရှိ စစ်ဆေးဆောင်ရွက်ခဲ့ပြီးတွေ့ရှိချက်များမှ လိုအပ်သည်များ လိုက်နာ ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကြောင်းသိရသည်။

          ကရင်ပြည်နယ်ပုဂ္ဂလိက စက်မှုလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် ကရင်ပြည်နယ်အတွင်SMEs အသေးစား၊ အငယ်စား၊ အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စက်မှုလုပ်ငန်းများ စက်မှုလုပ်ငန်းမှတ်ပုံတင်နိုင်ရေးအတွက် အလေးပေးဆောင်ရွက်လျက်ရှိပြီး ၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ် အတွင်း စက်မှုလုပ်ငန်းမှတ်ပုံတင်အတွက် လုပ်ငန်းသစ် ၉၀ ခု လျာထားချက်အပေါ် ဆောင်ရွက်နိုင်မှု ၉၉ ခု ရှိခဲ့ပြီး လျာထားချက်အပေါ် အမှန်ဆောင်ရွက်နိုင်မှု ၁၁၀% ဖြစ်ကာ၊ သက်တမ်းတိုး ဆောင်ရွက်ရန်အတွက် လုပ်ငန်း၁၀၀၅ခုအပေါ် ၈၄၀ခုထိဆောင်ရွက်ထားနိုင်ပြီး လျာထားချက်အပေါ် အမှန်ဆောင်ရွက်နိုင်မှု ၈၃.၅၈ %ထိ ဖြစ်ကြောင်းနှင့်၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်အတွက် လျာထားချက်များ ပြည့်မီကျော်လွန်စေရေးအတွက် ကရင်ပြည်နယ်အတွင်းရှိ စက်မှုလက်မှုလုပ်ငန်းများသို့ ကွင်းဆင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

DOCA ( KAYIN)