Main menu

ညောင်တုန်းမြို့နယ်တွင် ဆားမလောက်ဈေးတွင် ကုန်မျိုးစုံဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

            ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် မြို့နယ်ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများသည်  စည်ပင်သာယာ ရေးအဖွဲ့နှင့်အတူ (၁၃.၂.၂၀၂၃) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ဆားမလောက်ဈေးအတွင်း ကုန်မျိုးစုံရောင်းချနေသော ဆိုင်များမှကုန်မျိုးစုံအား ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြသည်။

            ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ဆိုင်ရှင်များအား မြို့နယ်ဦးစီးမှူးရုံးမှ ဒေါ်ချိုမီဇင်(ဒု-ဦးစီးမှူး)က ဈေးကွက်အတွင်း ရောင်းချနေသောကုန်စည်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ ၂၀၁၉ အခန်း(၁၈)ပါ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့်စပ်လျဉ်း၍ ပြည့်စုံမှန်ကန်စွာဖော်ပြပါဝင်သော ကုန်စည်များကိုသာ ရောင်းချရန်၊ စားသုံးသူတို့အတွက်ဘေးအန္တရာယ်ရှိသောကုန်စည်များ၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုမရှိသော ကုန်စည်များနှင့်သက်တမ်းလွန်ကုန်စည်များ ကိုရောင်းချခြင်းမျိုးမပြုလုပ်ရန် လုပ်ငန်းရှင်များအား အသိပေးပြောကြားခဲ့ကြောင်းသိရပါသည်။

DOCA(ဧရာဝတီ)