စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၊စားသုံးသူရေးရာ ဦးစီးဌာန၊မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ဒုတိယတိုင်းဒေသကြီးဦးစီးမှူးနှင့်ခရိုင်/ မြို့နယ်ဝန်ထမ်းများ အဖွဲ့သည် (၁၄.၂.၂၀၂၃)ရက်နေ့ နံနက်(၁၀:၀၀)နာရီအချိန်တွင် စားသုံးသူအခွင့်အရေးနှင့်အကျိုးစီးပွားကိုကာကွယ်ရန်အတွက် မင်းဘူးခရိုင်ပွင့်ဖြူမြို့နယ်၊ စိုက်ပျိုးရေးသိပွံကျောင်းရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ပါသည်။
အသိပညာပေးဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးသိပ္ပံကျောင်း ကျောင်းအုပ် ဆရာကြီး ဆရာဦးကိုလ်းထင်းမှ အဖွင့်အမှာစကားပြောကြားပြီး မကွးတိုင်းဒေသကြီးစားသုံးသူ ရေးရာဦးစီးဌာန ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးက ဌာနသမိုင်းကြောင်း၊ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်းနှင့် ဌာနမှ ဆောင်ရွက်နေသည့် လုပ်ငန်းများအကြောင်းကို ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ ဦးစီးအရာရှိ ဒေါ်အေးမဥ္ဇူခိုင်က ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်ပတ်သက်သည့် ဥပဒေပြဌာန်းချက်များ၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ အကြောင်း၊ တိုင်ကြားမှုနှင့် ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေများ အကြောင်းရှင်းလင်းဆွေးနွေးခဲ့ပြီး ကျောင်းသား/သူများက သိလိုသည်များကို မေးမြန်းရာဦးစီးအရာရှိဒေါ်အေးမဥ္ဇူခိုင်က ပြန်လည်ဖြေကြား ဆွေးနွေးခဲ့ကြောင်းသိရပါသည်။
ထိုနောက်ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါ်အေးအေးမိုးမှ ကျောင်းအုပ်ဆရာကြီးအား စားသုံးသူ ကာကွယ်ရေးဆိုင်ရာဥပဒေ၊ နည်းဥပဒေ စာအုပ်များပေးအပ်ခဲ့ပါသည်။ အဆိုပါ အသိပညာပေးဆွေးနွေး ပွဲကို ကျောင်းသား/ကျောင်းသူ (၁၉၉)ဦးနှင့် ဆရာ/ဆရာမ (၁၀)ဦး စုစုပေါင်း(၂၀၉)ဦးခန့် တက်ရောက်ခဲ့ကာ အခမ်းအနားကို နံနက် (၁၁:၄၅)နာရီအချိန်တွင်ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)