ဆိပ်ဖြူမြို့ ကြက်သွန်နီအရောင်းအဝယ်ဖြစ်လျက်ရှိသော ကုန်စည်ဒိုင်သို့ ဖေဖော်ဝါရီလ(၈)ရက် မှ(၁၄)ရက်ထိ (ဒုတိယ)ပတ်အတွင်း ကြက်သွန်နီ(အသစ်)များတစ်ရက်လျှင် ပျမ်းမျှကြက်သွန်နီ ကုန်ချိန်ပိဿာ(၃)သောင်းခန့်(၁)ပတ်အတွင်း စုစုပေါင်းပိဿာ(၂)သိန်းခန့် ဝင်ရောက် လျက်ရှိ ကြောင်း သိရှိရသည်။
ယခု(၁)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ(ရှယ်) ကျပ် (၁၁၅၀ မှ ၁၀၅၀)၊ အလတ်စ ကျပ်(၉၅၀ မှ ၈၅၀)၊ အသေးစ ကျပ်( ၈၀၀ မှ ၇၀၀)ဈေးနှုန်းတို့ဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပါသည်။ ယခင် ဖေဖော်ဝါရီ(ပထမ)ပတ်တွင် ကြက်သွန်နီထိပ်စအမြင့်ဆုံးဈေး မှာ(၁)ပိဿာလျှင် ကျပ်(၁၃၀၀)ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု(၁)ပတ်တွင် ထိပ်စ(ရှယ်) ကျပ်(၁၅၀)၊ အလတ်စနှင့် အသေးစတို့မှာ ကျပ်(၁၀၀)စီခန့် ဈေးနှုန်း ကျဆင်းခဲ့သည်။
ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို အခြားတိုင်းဒေသကြီးများသို့ စီးထွက်မှုမှာ ရန်ကုန်ဘုရင့် နောင်ပွဲရုံ၊ ပြည်မြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် မော်လမြိုင်မြို့၊ ပြည်ပပို့ကုန်အဖြစ် မြဝတီဝယ်လက်မှတဆင့် ဗီယက်နမ်နိုင်ငံ၊ မူဆယ်မြို့မှတဆင့်တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့လျက် ရှိပြီး ယခု(၁)ပတ်အတွင်း စုစုပေါင်းပျမ်းမျှပိဿာ(၂)သိန်း၊ (၅၇၁၄)အိတ်၊ တန်ချိန်(၁) သောင်းခွဲခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။
ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ အရွယ်အစား အရည်အသွေးလိုက်၍ (၁)ပိဿာလျှင် လက်ကားဈေး (၁၅၀၀မှ ၅၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ် နေကြောင်း ကုန်စိမ်းရောင်းချသူ ဈေးသည်များမှတစ်ဆင့် သိရှိရသည်။
DOCA(မကွေး)