Main menu

ထောပတ်သီးတောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်

Powered by Drupal

       ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်၊ ပင်လုံမြို့ရှိ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်သည့် တောင်သူများနှင့်တွေ့ဆုံဆွေးနွေးခြင်းနှင့်အစုအဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားကို ၁၄.၂.၂၀၂၃ ရက်နေ့ နံနက်(၁၀)နာရီအချိန်တွင် ပင်လုံမြို့၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ ဦးခွန်ကျော်ဌေး (လက်ထောက်ညွှန်ကြားရေးမှူး)က စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာများနှင့်ရှမ်းပြည်နယ်အတွင်း ဖွဲ့စည်းထားရှိသည့် ပုဂ္ဂလိကစီးပွားရေးအသင်းအဖွဲ့များ၊ အစုအဖွဲ့ များအကြောင်းကို ရှင်းလင်းဆွေးနွေးခြင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ထောပတ်သီးစိုက်ပျိုးတင်ပို့ထုတ်လုပ်ရောင်းချသူမျာအသင်း ဥက္ကဌ ဦးထွန်းထွန်းဝင်းမှ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်ခြင်းနှင့်ပတ်သက်ပြီး မျိုးရွေးချယ်ခြင်း၊ ကိုင်းကူးကိုင်းဆက်ပြုလုပ်ခြင်း၊ ပိုးသတ်ဆေးနှင့်သွင်းအားစုများအသုံးပြုခြင်း၊ ဈေးကွက်သို့ တင်ပို့ရောင်းချခြင်းနှင့်ပတ်သက်သော အကြောင်းအရာများကို ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ပါသည်။

        ထို့နောက်ရှမ်းပြည်နယ်(တောင်ပိုင်း) ထောပတ်သီးစိုက်ပျိုးတင် ပို့ထုတ်လုပ်ရောင်းချသူမျာ အသင်းဥက္ကဌမှ ဦးဆောင်၍ ပင်လုံမြို့ ထောပတ်သီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအစုအဖွဲ့(ယာယီ)ကို အလုပ်မှုဆောင်(၁၅)ဦးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။ ထို့နောက်တက်ရောက်လာသော ထောပတ်သီးတောင်သူများမှ သိရှိလိုသည်များကို မေးမြန်းဆွေး နွေးခဲ့ကြပြီးအခမ်းအနားကို နေ့လည်(၁၂:၀၀)တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)