Main menu

ချောင်းဆုံမြို့နယ်တွင် အသေးစား၊အငယ်စား၊အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး အတွက်  MSME Talk Show စကားဝိုင်းဆွေးနွေးပွဲ

Powered by Drupal

         မွန်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  MSME Talk Show စကားဝိုင်းဆွေးနွေးပွဲကို ၁၄.၂.၂၀၂၃ ရက်နေ့တွင် ချောင်းဆုံမြို့၊ ကျွန်းသာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချူပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

          အဆိုပါဆွေးနွေးပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ၎င်းတို့ပံ့ပိုးပေးဆောင်ရွက်ပေးနေသည့် အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

       ထို့နောက် Moderator အဖြစ် မော်လမြိုင်ပညာရေးကောလိပ်ကျောင်းအုပ်ဆရာမကြီး၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန (ခေတ္တ) ပြည်နယ်ဦးစီးမှူးမှ စက်မှုနှင့် MSMEကဏ္ဍ၊မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဒုတိယညွှန်ကြားရေးမှူး မှMSME ဖွံဖြိုးတိုးတက်ရေးအတွက်ဌာနကဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများအကြောင်း ၊ မွန်ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနပြည်နယ်ဦးစီးမှူးက မြေယာရရှိရေးကဏ္ဍ၊ အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းအုပ်ကြီးမှ နည်းပညာဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

        ထို့နောက်တက်ရောက်လာသူတစ်ဦးကမှ ဈေးကွက်ရရှိရေးနှင့်ပတ်သက်၍ မေးမြန်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက မိမိတို့ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိသော ပြည်တွင်း၊ ပြည်ပ ဈေးကွက်ရရှိရေး ဆောင်ရွက်ပေးနေမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)