Main menu

အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်း၊ ဂဟေဆက်သင်တန်း၊ အခြေခံအုတ်စီနှင့် ပန်းရံသင်တန်းဖွင့်ပွဲသို့ ပြည်နယ်ဦးစီးမှူးတက်ရောက်

Powered by Drupal

        မွန်ပြည်နယ်ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီမှ မွန်ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် အိမ်တွင်းလျှပ်စစ် ဝါယာသွယ်တန်းခြင်းသင်တန်း၊ ဂဟေဆက်သင်တန်း၊ အခြေခံအုတ်စီနှင့်ပန်းရံသင်တန်းဖွင့်ပွဲကို ၁၅.၂.၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့၊ လူငယ်သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကော်မတီအဖွဲ့ဝင်များ၊ ဖိတ်ကြားထားသည့်ဧည့်သည်တော်များနှင့် သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။  

          အဆိုပါ အခမ်းအနားတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားရာ၌ အန္တရာယ်ရှိသော အလုပ်နှင့်လုပ်ငန်းခွင်များတွင် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သော အလုပ်အကိုင်ရရှိရေးနှင့် အသက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးရေးကော်မတီအနေဖြင့် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်၏ ပထမ (၅) နှစ် စီမံချက်ဖြစ်သော ၂၀၁၉-၂၀၂၃ ထိတွင် အရည်အသွေးရှိသည့် လုပ်သားအင်အားရရှိစေရန်၊ ကလေး သူငယ်သင်တန်းကျောင်းများကို ပို့ဆောင်ပြီး သင်တန်းဆင်းများကို သင့်လျော်သော အလုပ်အကိုင်ရရှိရေး ဆောင်ရွက်ပေးခြင်း၊ အလုပ်အကိုင်ပေးလိုသော ဌာနများနှင့်ချိတ်ဆက် ပေးခြင်း၊ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးရေးလုပ်ငန်းကော်မတီပဉ္စမအကြိမ် လုပ်ငန်းညှိနှိုင်းဆုံးဖြတ် ချက်အရ မိသားစုတိုင်းသင့်လျော်သည့်ဝင်ငွေရရှိရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရန် သက်မွေးပညာကြိုသင်တန်းများ၊ သက်မွေးပညာသင်တန်းများကို တက်ရောက်နိုင်ရေး လုပ်ငန်း ကော်မတီဝင် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ် အလုပ်အကိုင်အခွင့်အလန်းဖန်တီးပေးရေး လုပ်ငန်းကော်မတီများ၊ အသင်းအဖွဲ့များက ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ထို့နောက် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြပြီး အခမ်းအနားအား ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မွန်)