Main menu

စားအုန်းဆီများအား ဈေးကွက်အတွင်းလက်လီ/လက်ကားဖြန့်ဖြူးရောင်းချခြင်းအား ကြပ်မတ်ဆောင်ရွက်ခဲ့ခြင်း

Powered by Drupal

            မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၁၅.၂.၂၀၂၃  ရက်နေ့တွင် မော်လမြိုင်မြို့နယ်ရှိ ရဲဘောကုန်းရပ်ကွက်၊ ဘဲကုန်းဈေး၊ ရခိုင်ကုန်းရပ်ကွက်တို့တွင်လည်းကောင်း၊ ၁၆.၂.၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့နယ် ဇော်ကုန်း၊ လမုတန်း၊ ကုလားဈေးတို့တွင်လည်းကောင်း၊ ၁၇.၂.၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့နယ်မြေနီကုန်းရပ်ကွက်၊ ၊ မင်းရွာနှင့်ကျိုက်မရောမြို့တို့တွင်လည်းကောင်း၊ ၁၈.၂.၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့နယ်ဇေယျာ (၁)ရပ်ကွက်၊ အိုးရုံကြီးရပ်ကွက်၊ ဖားအောက်ကျေးရွာတို့တွင်လည်းကောင်း၊ ၁၉.၂.၂၀၂၃ ရက်နေ့တွင် မုဒုံမြို့နယ်ရှိတာပသွန်ကျေးရွာ၊ ကျိုက်မရောမြို့နယ်ရှိ ဆဒန်ပါလူးကုန်းကျေးရွာနှင့်မော်လမြိုင်မြို့ရှိ ဒိုင်းဝန်ကွင်းရပ်ကွက်တို့တွင် လည်းကောင်း ကုမ္ပဏီများမှ ဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများအားဈေးကွက်အတွင်း လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချခြင်းကို ကြပ်မတ်ဆောင်ရွက်ခဲ့ကြပါသည်။

        ထိုသို့ဆောင်ရွက်ရာတွင် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများကလက်ကားကုန်သည်များအားဖြန့်ဖြူးထုတ်ပေးခဲ့သည့် စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ ရာခိုင်နှုန်းအမြတ်ထက်မပိုသော ဈေးနှုန်းဖြင့်ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရစေရေး လက်လီဈေးကွက်အတွင်း သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ရောင်းချစေရေးနှင့်ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချခြင်း မရှိစေရေးတို့အတွက် ကွင်းဆင်းကြပ်မတ် ဆောင်ရွက်ခဲ့ကြကြောင်းသတင်း ရရှိပါသည်။

DOCA(Mon)