Main menu

စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး၌“ဝဥ သီးနှံစိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် တန်ဖိုးမြှင့်ထုတ်ကုန်ထုတ်လုပ်နိုင်ရေး” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

Powered by Drupal

         ၁၇.၂.၂၀၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး၌ စားသုံးသူရေးရာဦးစီးဌာနက ဦးဆောင်၍ “ဝဥ သီးနှံစိုက်ပျိုးမှုဖွံ့ဖြိုးတိုးတက်ရေးနှင့်တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်နိုင်ရေး” အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ရာ သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ ဌာနဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှဝန်ထမ်းများ ၊စုစုပေါင်း (၄၃) ဦးတက်ရောက်ခဲ့ကြပါသည်။

           အဆိုပါဆွေးနွေးပွဲတွင် သထုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးက အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်နှင့်ဝဥသီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေများအားလည်ကောင်းစိုက်ပျိုးရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက ဝဥစိုက်ပျိုးသင့်သည့်မြေအမျိုးအစားနှင့်ဝဥမျိုးများအကြောင်း အားလည်းကောင်း မွန်ပြည်နယ် သစ်သီးဝလံပန်းမန်နှင့်ဟင်းသီး ဟင်းရွက်စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဦးမြင့်သိန်းကဝဥစိုက်ပျိုးသည့် နည်းစနစ်နှင့် ဈေးကွက်အခြေအနေများအားလည်းကောင်းအသီးသီး ဆွေးနွေးခဲ့ကြောင်းနှင့်တက်ရောက်လာသူများက စားပွဲဝိုင်းအလိုက် ဆွေးနွေးခဲ့ကြပြီး အလုပ်ရုံဆွေးနွေးပွဲအား (၁၂:၃၀)နာရီ အချိန်တွင်ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိလာပါသည်။

 DOCA(Mon)