Main menu

ဘားအံမြို့၊  အမှတ်(၁)စံပြဈေးတွင် ဈေးကွက်နမူနာကောက်ယူခြင်းနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ/ မရှိ အား အဖွဲ့စုံဖြင့် ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

        ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဘားအံမြို့နယ်တာဝန်ခံသည် အမှတ်(၁)စံပြဈေးတွင်ဈေးကွက်နမူနာကောက်ယူခြင်းနှင့်ထုတ်ကုန်လုံခြုံစိတ်ချရမှု ရှိ/ မရှိကို ၂၁-၂-၂၀၂၃ ရက်နေ့၊ နံနက်(၀၉:၃၀) နာရီအချိန်တွင် အဖွဲ့စုံဖြင့်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့စစ်ဆေးရာတွင် ဈေးကွက်အတွင်းသို့ဝင်ရောက်လျက်ရှိသော အချိုရည်များသည် ပြည်သူများအတွက်စားသုံးရန်သင့်/မသင့် စစ်ဆေးဆောင်ရွက်နိုင်ရန်အတွက်အဖွဲ့စုံဖြင့် ပြည်နယ်အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာနက ဈေးကွက်နမူနာကောက်ယူခဲ့ပါကြောင်း၊ ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်ရောက်ပြီးကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြမှု  ရှိ/မရှိကို စားသုံးသူရေးရာဦးစီးဌာနနှင့်မိတ်ဖက်ဌာနများကစစ်ဆေးခဲ့ကြောင်းနှင့်ကရင်ပြည်နယ် ၊အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်ဖြစ်သော အစားအသောက်နှင့်ဆေးဝါးကွပ်ကွဲရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်နိုင်ငံရဲတပ်ဖွဲ့၊ ကျန်မားရေးဦးစီးဌာန၊ စည်ပင်သာယာရေး အဖွဲ့၊ ရပ်/ ကျေးအဖွဲ့များသည် ပူးပေါင်းပါဝင်ခဲ့ပါကြောင်း သတင်းရရှိသည်။

DOCA(ကရင်)