Main menu

CMPလုပ်ငန်းများမြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ Hua Memg (Myanmar) Co,Ltd နှင့်He Shan (Myanmar) Garments Co,Ltd စက်ရုံများသို့ ကွင်းဆင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တိုင်းအလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးဦးမျိုးနိုင်ဦးဆောင်၍အဖွဲ့ဝင်/တိုင်းအဆင့်ဌာနဆိုင်ရာများဖြစ်သော အကောက်ခွန်ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရင်းနှီးမြှပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊စီမံကိန်းရေးဆွဲရေးဦးစီးဌာနနှင့်ပြည်တွင်းအခွန်များ ဦးစီးဌာနတို့ ပူးပေါင်းပါဝင်သော CMP လုပ်ငန်းများ မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၁၆.၂.၂၀၂၃ ရက်နေ့တွင်၊ကန်ကြီးထောင့်မြို့နယ် Hua Meng (Myanmar) Co,Ltdနှင့် ပုသိမ်မြို့ စက်မှုဇုန်ရှိ He Shan (Myanmar) Garments Co,Ltd သို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

      ထိုသို့သွားရောက်စစ်ဆေးခဲ့ရာတွင် စက်ရုံစာရင်းအချက်အလက်များမှန်ကန်စေရေး သက်ဆိုင်ရာဌာနများ၏ခွင့်ပြုမိန့်များပြည့်စုံမှုရှိစေရေး၊ အလုပ်သမားဥပဒေပါ အခွင့်အရေးများအားဆောင်ရွက် ပေးမှုရှိစေရေးနှင့်ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်း၍ အသိပညာပေးဆောင်ရွက်ရန်ကိစ္စရပ်များ၊ OT ကိစ္စများ ၊လုံခြုံရေးကိစ္စများ၊ နိုင်ငံခြားသားများနေထိုင်ခွင့်ပုံမှန်သက်တမ်းတိုးရန်ကိစ္စများ၊ ကုမ္ပဏီ၏ထုတ် ကုန်အမျိုးအစားနှင့်အမှတ်တံဆိပ်မှန်ကန်မှုရှိစေရေးကိစ္စများ၊ ကုမ္ပဏီလိပ်စာခွင့်ပြုမိန့်များမှန်ကန်မှုရှိစေရေးကိစ္စများ၊ ကုမ္ပဏီ၏ရင်းနှီးမြှပ်နှံမှုပုံစံ၊ ကုန်ကြမ်းတင်သွင်းမှုကုန်ချောတင်ပို့မှုအသုံးပြုသည့်စက်ကိရိယာများ၊ အလုပ်သမားဆိုင်ရာအချက်အလက်များနှင့်စာချုပ်ချုပ်ဆိုထားရှိမှုငွေစာရင်းပိုင်းဆိုင်ရာကိစ္စရပ်များ၊သက်ဆိုင်ရာဌာနများမှထုတ်ပြန်ထားသောအမိန့်နှင့်ညွှန်ကြားချက်များအားလိုက်နာမှုရှိရှိလာစေရန်နှင့်လိုအပ်သည်များအား အသေးစိတ်ကွင်းဆင်းစစ်ဆေးခဲ့ပါကြောင်းသတင်းရရှိပါသည်။

DOCA(ဧရာဝတီ)