ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၌ ဖေဖော်ဝါရီလ(၁၇)ရက်၊ နံနက် (၁၀:၃၀) အချိန်တွင် ဘိုကလေးမြို့နယ် (၄)ရပ်ကွက် လေ့ကျင့်ရေးအလယ်တန်းကျောင်း၌ ဖျာပုံခရိုင်ဦးစီးမှူး ဦးထွေးသိမ်း ဦးဆောင်မှုဖြင့် ဖျာပုံ၊ဘိုကလေးမြို့နယ်တာဝန်ခံတို့သည် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ဟောပြောပွဲတွင် စားသုံးရန်မသင့်သော အစားအစာများ၊ ဆိုးဆေးကဲ့သို့သော ဓာတုဆေးများ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့်ဖော်ပြထားသော ကုန်စည်များကိုသာ ရွေးချယ်ဝယ်ယူရန် ၊ ကျန်းမာရေးနှင့်ညီညွှတ်သော အစားအစာများကိုသာ ရွေးချယ်ဝယ်သူစားသုံးကြရန်နှင့် ကုန်စည်၊ ဝန်ဆောင်မှုများကြောင့် စားသုံးသူများ နစ်နာဆုံးရှုံးမှုများရှိလာပါက CICC တိုင်ကြားမှုစင်တာ ဖွင့်လှစ်ထားရှိပြီးဖြစ်၍ တိုင်ကြားကြရန် တို့ကို အသိအညာပေး ဟောပြောခဲ့ကာ ကျောင်းအုပ်ဆရာမကြီးအား စားသုံးသူကာကွယ်ရေးဥပဒေစာအုပ်နှင့် လက်ကမ်းစာစောင်များ ပေးအပ်ခဲ့ပါကြောင်းနှင့် အခမ်းအနားသို့ ဆရာ/ဆရာမ(၁၄)ဦး၊ ကျောင်းသား/ သူ (၁၄၀)ဦး၊ စုစုပေါင်း (၁၅၄ )ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)