Main menu

ဘိုကလေးမြို့၊စံပြဈေးကြီးအတွင်း၌ရောင်းချနေသောပဲပြား၊ပဲသွေး၊မုန့်ဟင်းခါးဖတ်များတွင် ဖော်မလင်ပါဝင်မှုရှိ/မရှိကွင်းဆင်းစိစစ်

Powered by Drupal

      ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာခံနှင့်ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ၂၀၂၃ခုနှစ်၊ဖေဖော်ဝါရီလ (၁၇)ရက်နေ့၊နံနက် (၀၉:၀၀)နာရီအချိန်တွင်ဘိုကလေးမြို့၊စံပြဈေးသို့ကွင်းဆင်းစိစစ်ခဲ့ကြပါသည်။

          ထိုသို့ဆောင်ရွက်ရာတွင် စံပြဈေးအတွင်းရောင်းချနေသောစားသောက်ကုန်များဖြစ်သည့် ပဲပြား၊ ပဲသွေး၊ မုန့်ဟင်းခါးဖတ်များတွင် ဖော်မလင်ပါဝင်မှုရှိ/မရှိစစ်‌ဆေးပြီးနောက် အခြားရောင်းချနေသော သစ်သီးဝလံများတွင်လည်း ဘေးအန္တရာယ်ရှိသောဆိုးဆေးများ၊ ရက်လွန်အသီးအနှံများ၊ တာရှည်ခံအသုံးပြုထားသောကုန်စည်များကို ဈေးကွက်အတွင်းသို့ဝယ်ယူတင်သွင်း‌ရောင်းချခြင်းမပြုကြရန် အသိပညာပေးတိုက်တွန်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)