Main menu

ဟင်္သာတမြို့ပဒေသာဈေးအတွင်းရှိဆေးဆိုင်များအားဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

         ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ မြို့နယ်တာဝန်ခံ ဦးမိုးကျော်သည် စည်ပင်သာယာရေးဦးစီးဌာနနှင့် ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ(၁၆) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ပဒေသာဈေးအတွင်းရှိ ဆေးမျိုးစုံအရောင်းဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းခဲ့ရာတွင်မြို့နယ်တာဝန်ခံက စားသုံးသူမိဘပြည်သူများဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဈေးကွက်အတွင်းရောင်းချနေသော ဆေးဝါးများသည် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုရှိ/မရှိနှင့်၏မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများရောင်းချခြင်းရှိ/မရှိ တို့ကိုစစ်ဆေးခဲ့ပြီးနောက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက တားမြစ်ကုန်စည်များမရောင်းချရန်နှင့်တရားမဝင်ဆေးဝါးများ တင်သွင်းရောင်းချခြင်းမပြုရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ထုတ်ပြန်ထားသောညွှန်ကြားချက်များအတိုင်းလိုက်နာဆောင်ရွက်ရန်၊  ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူများစိတ်ကျေနပ်မှုရှိစေရေး ဆောင်ရွက်ရန်နှင့်သတ်မှတ်အရည် အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန်၊ စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များနှင့်ပြစ်မှုပြစ်ဒဏ်များအကြောင်း စသည်တို့ကိုအသိပညာပေးဆွေးနွေးခဲ့ကာ၊ဆေးဆိုင်(၄) ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)