တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့်ဝန်ထမ်းများတို့သည် (၂၂.၂.၂၀၂၃)ရက်နေ့၊ နေ့လယ် (၁၄:၃၀) နာရီအချိန်တွင် မြိတ်မြို့၊ မြို့မ(၁)ရပ်၊ စာသင်ကျောင်းလမ်းရှိ မီးမီး အမှတ်တံဆိပ် ကိတ်မုန့်အမျိုးမျိုးထုတ်လုပ်သည့်လုပ်ငန်းရှင်အား တွေ့ဆုံ၍ စားသုံးသူ ကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသားနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရှိရပါ သည်။
စားသုံးသူရေးရာဦးစီးဌာနက ထုတ်ပြန်ထားသော ဥပဒေအရ မြန်မာစာဖြင့်ပြည့်စုံစွာဖော်ပြစေနိုင်နှင့် ဘေးအန္တရာယ်ကင်းရှင်းစွာထုတ်လုပ်နိုင်ရေးတို့အတွက်၊ ကုန်အညွှန်းအမှတ်အသားများ လာရောက်လျှောက်ထားရန်နှင့် သန့်ရှင်းလတ်ဆတ်သောမုန့်ရရှိရေး အလေးထားဆောင်ရွက်ရန်၊ မိမိတို့၏ကုန်အမှတ်တံဆိပ်အား မူပိုင်ခွင့်ဦးစီးဌာနတွင်မှတ်ပုံတင်၍ လျှောက်ထားကြရန်တို့ကိုရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာဆောင်ရွက်ရမည့် အချက်များသက်ဆိုင်ရာဌာနများ၏ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများကိုလည်း လိုက်နာဆောင်ရွက်ကြ အသိပညာပေး ခဲ့မှုအား သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)