မွန်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် MSME Talk Show စကားဝိုင်းဆွေးနွေးပွဲကို ၂၃.၂.၂၀၂၃ ရက်နေ့တွင် မုဒုံမြို့၊ ရွှေဟင်္သာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မွန်ပြည်နယ် ဝန်ကြီးချူပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ မွန်လုပ်ငန်းရှင်အသင်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် Moderator အဖြစ် မော်လမြိုင်ပညာရေးကောလိပ် ကျောင်းအုပ်ဆရာမကြီးနှင့် တွဲဖက် Moderator အဖြစ် မော်လမြိုင်တက္ကသိုလ်၊ သမိုင်းဌာနမှ ပါမောက္ခတို့ကဆောင်ရွက်ခဲ့ကာ မွန်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ခေတ္တပြည်နယ် ဦးစီးမှူး၊ မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာ၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ငါးလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ အစိုးရနည်းပညာအထက်တန်းကျောင်း (မော်လမြိုင်) ကျောင်းအုပ်ကြီးနှင့် မော်လမြိုင် ကုန်စည်ဒိုင် ဥက္ကဌတို့မှ ကဏ္ဍအလိုက် အသီးသီးဆွေးနွေးခဲ့ကြပါသည်။
ဆွေးနွေးမေးမြန်းမှုကဏ္ဍတွင် ရော်ဘာထုတ်ကုန်များ အရည်အသွေးကောင်းမွန်စေရေးနှင့် ဈေးကွက်ရရှိရေးနှင့်ပတ်သက်၍ မေးမြန်းခြင်းအား စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(မွန်)