Main menu

မော်လမြိုင်တက္ကသိုလ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

    မော်လမြိုင်မြို့နယ်၊ မော်လမြိုင်တက္ကသိုလ်၌ (၂၂.၂.၂၀၂၃) ရက်နေ့ နံနက် ၉:၃၀ အချိန်တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများသည် ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဝန်ထမ်းများနှင့် ပူးပေါင်း၍ စားသုံးသူ ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဝင်းထွန်းက စားသုံးသူပြည်သူများအား ဘေးအန္တရာယ်ကင်းရှင်းရေး၊စားသုံးသူများ ရသင့်ရထိုက်သည့် အခွင့်အရေးများ အပြည့်အဝရရှိစေရေး၊ ကုန်စည်နှင့် ဝန်ဆောင်မှုများအပေါ်တွင် ထိခိုက်နစ်နာဆုံးရှုံးမှုများမဖြစ်စေရေးတို့အား ရည်ရွယ်၍ စားသုံးသူအသိပညာပေး ဟောပြောဆွေးနွေးခဲ့ပြီးနောက် ဒေါ်ဝါဝါမြိုင်၊ ဦးစီးအရာရှိက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူများ အသိပညာရရှိစေမည့် ကုန်အညွှန်းအမှတ်အသားဆိုင်ရာ ပြဌာန်းချက်များ၊ တိုင်ကြားနိုင်သည့် နည်းလမ်းများအား ရှင်းလင်းအသိပေးခဲ့ကာ FDA ဌာနမှလည်း စားသုံးသူများအတွက် အစားအသောက်များတွင် ဘေးအန္တရာယ် ဖြစ်စေနိုင်သော ဓါတုဆိုးဆေးများ အကြောင်းတို့ကို ထည့်သွင်းဟောပြော ဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမ (၃၀)ဦး တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူ(၄၀၀)ဦး တက်ရောက်၍ တက်ရောက်လာသူများကို စားသုံးသူ ရေးရာဦးစီးဌာနက လက်ကမ်းစာစောင်များကို  ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(မွန်)